DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ပြန်ကျလာ
DVB
·
October 22, 2025
ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ပြန်ကျလာ
Donate to DVB

ပြည်တွင်းအခေါက်ရွှေဈေးဟာ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ တကျပ်သားကို ငွေကျပ် ၈,၈၇၀,၀၀၀ ဝန်းကျင်ထိ အတက်ရှိခဲ့ရာက ဒီနေ့မနက်ပိုင်းမှာတော့ ၈,၅၅၀,၀၀၀ ကျပ်ဝန်းကျင်အထိ ပြန်ကျဆင်းခဲ့တယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။

တဖက်မှာ ကမ္ဘာ့ရွှေဈေးကလည်း တအောင်စကို အမေရိကန်ဒေါ်လာ ၄,၃၅၀ အထက်ထိ အများဆုံး တက်ခဲ့ပြီးနောက် ဒေါ်လာ ၄,၀၀၀ နီးပါးထိ ပြန်ထိုးဆင်းခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ကမ္ဘာ့ဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၄,၁၀၀ အထက်အထိ ပြန်အတက်ပြနေပါတယ်။

ကမ္ဘာ့နိုင်ငံရေးတင်းမာမှုတွေ လျော့ကျလာမယ်ဆိုတဲ့ မျှော်လင့်မှုကြောင့် ရွှေစုဆောင်းသူတွေက အမြင့်ဈေးမှာ ရောင်းချလာကြတာဖြစ်ပြီး ကမ္ဘာ့ရွှေဈေး ပြန်ကျလာတာ ဖြစ်တယ်လို့ ဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

အခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးက ဒေါ်လာ ၂၀၀ ကျော် ပြန်ကျဆင်းခဲ့ပြီး မြန်မာ့ရွှေဈေးကလည်း တကျပ်သားကို ကျပ် ၃ သိန်းကျော် ပြန်ကျလာတာ တွေ့ရပါတယ်။

ဒါပေမဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကတော့ လက်ရှိအချိန်မှာ ၅,၉၉၀,၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေဆဲဖြစ်ပြီး သတ်မှတ်ဈေးနဲ့ မရောင်းတဲ့ ရွှေဆိုင်တွေကို အရေးယူမယ်လို့ အသင်းက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013