DVB Logo
Home
နိုင်ငံတကာ
လုယက်ခိုးယူခံရသည့် လုဗ်ပြတိုက်မှ ရတနာများ ယူရို ၈၈ သန်း တန်ကြေးရှိ
DVB
·
October 22, 2025
လုယက်ခိုးယူခံရသည့် လုဗ်ပြတိုက်မှ ရတနာများ ယူရို ၈၈ သန်း တန်ကြေးရှိ
Donate to DVB

ပြင်သစ်မြို့တော် ပါရီမြို့ရှိ လုဗ်ပြတိုက်ကနေ လုယက်ခိုးယူခံရတဲ့ ရတနာတွေရဲ့ တန်ဖိုးက ယူရို ၈၈ သန်း ရှိတယ်လို့ အစိုးရရှေ့နေတွေက ထုတ်ပြန်ပါတယ်‌။

ပြင်သစ်နိုင်ငံရဲ့ သမိုင်းဝင် အမွေအနှစ်တွေ ဆုံးရှုံးရတာဖြစ်လို့ ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်တယ်လို့ လည်း အစိုးရရှေ့နေက RTL ရေဒီယိုကို ပြောပါတယ်။

လုယက်ခံရတဲ့ ရတနာက နပိုလီယံခေတ်က မိဖုရားတွေရဲ့ သရဖူ ၂ ခုနဲ့ တခြားရတနာတွေ ပါဝင်တယ်လို့ ဖော်ပြပါတယ်။

အဲဒီရတနာတွေထဲမှာ နပိုလီယံဘိုနာပတ်က သူ့ဇနီးကို ပေးခဲ့တဲ့ စိန်နဲ့ မြ လည်ဆွဲဟာ တန်ဖိုး မဖြတ်နိုင်သလို နပိုလီယံ ၃ ဇနီးရဲ့ သရဖူနဲ့ ဘုရင်မ အာမေလီရဲ့ ရတနာတွေလည်း ပါဝင်ပါတယ်။

ကမ္ဘာ့လှည့်ခရီးသည် လာရောက်လည်ပတ်မှု အများဆုံး လုဗ်ပြတိုက်မှာ အောက်တိုဘာ ၁၉ ရက် ပြတိုက်ဖွင့်လှစ်ချိန်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ခိုးယူသူတွေဟာ ရတနာတွေကို ၈ မိနစ်အတွင်း ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

ဒီအမှုဖြစ်ပြီး ၂ ရက်ကြာတဲ့အထိ တရားခံကို ဖမ်းမိခြင်း မရှိတာကြောင့် ရတနာတွေကို လက်စဖျောက်ပစ်မှာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေပါတယ်။

ဒီရတနာတွေရဲ့ တန်ဖိုးက လုယက်သူတွေ ထင်ထားတာထက် ၂ ဆရှိမယ်လို့ ခန့်မှန်းထားပြီး မဖျက်ဆီးဖို့ မျှော်လင့်တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။

လုယက်သူတွေဟာ ရတနာတွေယူပြီး ထွက်ပြေးတဲ့လမ်းမှာ မင်းသမီး ယူဂျန်းနီရဲ့ သရဖူ ကျကျန်ခဲ့ပြီး ပျက်စီးနေတာကို တွေ့ရတယ်လို့‌ ဖော်ပြပါတယ်။

လုယက်သူ ၄ ယောက်ဟာ မျက်နှာဖုံးတွေ စွပ်ထားပြီး လှေကားပါ ထရပ်ကားက တဆင့် အပိုလိုပြတိုက် ပထမထပ်ကို ဝင်ရောက်ခဲ့တာပါ။

ပြတိုက်အစောင့်တွေကို ခြိမ်းခြောက်မောင်းထုတ်ပြီး ရတနာတွေကို လုယုခဲ့တာ ဖြစ်ပါတယ်။

လုယက်သူတွေဟာ ရတနာတွေယူပြီး ပြန်အထွက် သူတို့ကားတွေဆီသွားတဲ့အချိန် ပြတိုက်ဝန်ထမ်းတွေက ကာကွယ်မှုတွေ ပြုလုပ်ခဲ့လို့ စကူတာနဲ့ ထွက်ပြေးခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။

လုယက်သူတွေဟာ ရတနာတွေကို အစိတ်အပိုင်းလိုက် ထုခွဲပြီး နိုင်ငံပြင်ပမှာ ရောင်းချဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013