DVB Logo
Home
မြန်မာသတင်း
အဓိကလက်သည်တရားခံ မြန်မာစစ်အုပ်စုကို အရေးယူရန် အာဆီယံကို တိုက်တွန်း
DVB
·
October 22, 2025
အဓိကလက်သည်တရားခံ မြန်မာစစ်အုပ်စုကို အရေးယူရန် အာဆီယံကို တိုက်တွန်း
Donate to DVB

အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ဒေသတွင်း မတည်ငြိမ်မှုရဲ့ ရေသောက်မြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စုအပေါ်ကို မဖြစ်မနေ အရေးယူ ဆောင်ရွက်ရမယ်လို့ Justice for Myanmar က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၁၉ ရက်က မြန်မာစစ်တပ်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ဆိုက်ဘာငွေလိမ်ခြံဝင်းထဲက  အဆောက်အအုံတခုကို အယောင်ပြ စီးနင်းမှုတရပ် လုပ်ဆောင်ခဲ့ပြီး Star Link ဆက်သွယ်ရေးပစ္စည်းတချို့ကို သိမ်းဆည်းပြခဲ့ပါတယ်။

အဲဒီ ဝင်ရောက်စီးနင်းမှုဟာ အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်မီ အချိန်ကိုက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ လူကုန်ကူးမှုတွေမှာ ပါဝင်နေတဲ့ စစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ရဲ့ အဓိကအခန်းကဏ္ဍကို အာရုံပြောင်း လှည့်စားဖို့ ကြိုးပမ်းမှုတရပ် ဖြစ်ပုံရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာစစ်တပ်ဟာ ရာဇဝတ်စီးပွားလုပ်ငန်း ကွန်ရက်ကြီးတခုကို ကြီးကြပ်လည်ပတ်နေပြီး အဲဒီကွပ်ကဲမှုအောက်က ကရင်နယ်ခြားစောင့်တပ်နဲ့ ရာဇဝတ်စီးပွားကုမ္ပဏီတွေကိုလည်း လက်သပ်မွေး ပြုစုပျိုးထောင်ထားကာ နိုင်ငံဖြတ်ကျော် ရာဇဝတ်စီးပွားဂိုဏ်း ကွန်ရက်တခုကို အသက်သွင်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့  Justice for Myanmar က စွပ်စွဲထားပါတယ်။

စစ်အုပ်စုဟာ မြန်မာနိုင်ငံအတွင်းနဲ့ ဒေသဖြတ်ကျော် လူအစုလိုက်အပြုံလိုက် အဓမ္မ ဖိအားပေး ရွှေ့ပြောင်းစေမှုကြီးအတွက် တာဝန်ရှိသူဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေထိပါ ကူးစက်သက်ရောက်စေခဲ့ကာ ကာလရှည် စီးပွားရေးအကျပ်အတည်းကြီး ဖြစ်စေခဲ့တဲ့ ဒေသတွင်း မတည်ငြိမ်မှုရဲ့ အဓိကရေသောက်မြစ် လက်သည်တရားခံလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်တပ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရုန်းကန်လှုပ်ရှားမှုကို ပံ့ပိုးကူညီခြင်းနည်းနဲ့သာ အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ဆိုက်ဘာပြစ်မှု အကျပ်အတည်း၊ မြန်မာ့အကျပ်အတည်းတွေကို အပြီးတိုင် အမြတ်ပြတ် ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ Justice for Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013