DVB Logo
Home
မြန်မာသတင်း
နာဂဒေသကို အိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ၂ ဦး သေဆုံး
DVB
·
October 22, 2025
နာဂဒေသကို အိန္ဒိယစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ၂ ဦး သေဆုံး
Donate to DVB

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ယောက်သေဆုံးပြီး ၄ ယောက်က ဒဏ်ရာရရှိခဲ့တယ်လို့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) က အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ NSCN-K (ယုန်းအောင်) အဖွဲ့ရဲ့ ဗိုလ်မှူးချုပ် ပီယောင်းကွန်းရက်ရဲ့ နေအိမ်ကို ဗုံးထိမှန်ခဲ့ပြီး သေဆုံးသူထဲကတယောက်ဟာ ဗိုလ်မှူးချုပ်ပီယောင်းကွန်းရက်ရဲ့သား ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ထုတ်ပြန်ချက်မှာတော့ ဒီလို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ပြင်းထုတ်စွာ ရှုတ်ချကြောင်း ဖော်ပြထားပြီး အပြစ်မဲ့ အရပ်သားတွေနဲ့ ကလေးသူငယ်တွေကို တိုက်ခိုက်တဲ့အပေါ် လက်ခံနိုင်စရာ မရှိသလို နိုင်ငံတကာစံနှုန်းတွေနဲ့ ဥပဒေတွေကို ထင်ရှားစွာ ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဇူလိုင် ၁၃ ရက်ကလည်း အခုလို တိုက်ခိုက်မှုမျိုး ဖြစ်ပွားခဲ့ပြီးနောက် အခုလို အိန္ဒိယစစ်တပ်ဟာ နာဂအရပ်သားတွေအပေါ် ဒုတိယအကြိမ် ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီလို တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အိန္ဒိယအပေါ် အရေးပေါ် အရေးယူဖို့နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် တာဝန်ယူစေဖို့ကိုလည်း ထုတ်ပြန်ချက်ကတဆင့် တောင်းဆိုထားပါတယ်။

အခုလို အိန္ဒိယစစ်တပ်က  ဒရုန်းနဲ့ ဗုံးကြဲတိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး မြန်မာဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013