DVB Logo
Home
မြန်မာသတင်း
နှစ် ၂၀ ချေးငွေဖြင့် တန်ဖိုးနည်း အိမ်ရာဝယ်ခွင့်ပြုရေးအဆို ရှုံးနိမ့်
DVB
·
December 6, 2014
နှစ် ၂၀ ချေးငွေဖြင့် တန်ဖိုးနည်း အိမ်ရာဝယ်ခွင့်ပြုရေးအဆို ရှုံးနိမ့်
Donate to DVB

နှစ် ၂၀ ချေးငွေနဲ့ တန်ဖိုးနည်း အိမ်ရာဝယ်ခွင့်ပြုအရေးအဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်းရာ ရှုံးနိမ့်သွားပါတယ်။

[caption id="attachment_72971" align="alignright" width="300"]ဒေါက်တာ ညိုညိုသင်း ဒေါက်တာ ညိုညိုသင်း[/caption]

ရန်ကုန်တိုင်း​ဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူ​ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာတွေဟာ အခြေခံလူတန်းစားတွေ လက်လှမ်းမမီလောက် တဲ့ ဈေးတွေ ဖြစ်နေ လို့ ပြည်တွင်းဘဏ်တွေ ဒါမှမဟုတ် နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ၀ယ်ယူခွင့်ပြုဖို့ အဆိုကို လွှတ်​တော်ကိုယ်စား လှယ် ​ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ရာမှာ ရှုံးနိမ့်သွားတာပါ။

သစ်​တောနဲ့ စွမ်းအင်ဝန်ကြီး ဦး​ကျော်စိုးက “အနှစ်ချုပ်အ​နေအရ အဆိုရှင်တင်သွင်းတဲ့ အဆိုဟာ နိုင်ငံ​တော်မှ​ ဆောင်ရွက်လျက်ရှိတဲ့ အစီအမံတရပ်ဖြစ်ပြီး ရန်ကုန်တိုင်း​ဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့် မရှိတဲ့ကိစ္စရပ်ဖြစ်တဲ့အတွက် ကျ​နော်တို့ ရန်ကုန်တိုင်း​ဒေသကြီး လွှတ်​တော်က မှတ်တမ်းတင်​ပေးနိုင်ပါရန် ​လေးစားစွာတင်ပြအပ်ပါသည်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီအဆိုဟာ၂၀၁၄ ဧပြီလက စတင်တင်သွင်းခဲ့တဲ့အဆိုဖြစ်ပြီး အခုကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှသာ ​ဆွေးနွေးခွင့်ရတာဖြစ်ပြီး လွှတ်​တော်က မှတ်တမ်းတင်ထားရှိမယ်ဆိုတဲ့အတွက် မဲခွဲဆုံးဖြတ်ရာ ​ကန့်ကွက်သူများတဲ့အတွက် ရှူံးနိမ့်ခဲ့တာပါ။

ဒေါက်တာညိုညိုသင်းက “လုပ်မယ်ဆိုလို့ရှိရင် International Housing Project  ဆိုတဲ့ စီမံကိန်း​တွေ ရှိတာ​ပေါ့။ စီမံကိန်း​တွေရှိတဲ့အခါမှာ အခု ရန်ကုန်မြို့သစ်စီမံကိန်းကို လုပ်ခဲ့ဖို့ ကြိုးစားသလို​ပေါ့။ ပြည်​ထောင်စုအစိုးရအဖွဲ့ကို ကျ​နော်တို့က​တော့ ပြည်သူလူထုကို ဒီလိုစီမံကိန်းနဲ့ ချထား​ပေးချင်ပါတယ်။ ဒါ​ကြောင့်မို့ လုပ်ခွင့်ပြုပါလို့ ပြည်​ထောင်စုအစိုးရကို တင်လို့ရတာပဲ။ နိုင်ငံ​တော်သမ္မတက လုပ်လို့​ပြောထားတာပဲ။ မကန့်ကွက်ဘူး။ ဇယား ၂ ကလည်း မတားထားဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယပတ်က​ နေပြည်​တော်မှာ ပြုလုပ်တဲ့ အမျိုးသားအဆင့် မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုး​ရေး မူဝါဒနဲ့ စီမံကိန်းဆိုင်ရာ အလုပ်ရုံ​ဆွေး​နွေးပွဲမှာ  ဝန်ထမ်း​တွေအတွက် ဝန်ထမ်းအိမ်ရာစီမံကိန်းအပြင် ကျန်းမာ​ရေး​စောင့်​ရှောက်မှုနဲ့ သားသမီးတွေအတွက် အဆင့်မြင့်ပညာ​သင် ​ထောက်ပံ့​ကြေး​ပေးနိုင်​အောင် အာမခံစနစ်၊ အရစ်ကျစနစ်၊ ​ချေး​ငွေစနစ်တွေနဲ့ အ​ကောင်အထည်​ဖော်ဖို့ စီစဉ်နေတယ်လို့ နိုင်ငံ​တော်သမ္မတက ​ပြောဆိုဖူးပါတယ်။

ဒါ့အပြင် ဆင်းရဲနွမ်းပါသူတွေ၊ မသန်စွမ်းသူတွေ၊ ပင်စင်စားတွေ၊ တိုက်ပွဲကျစစ်သည်တွေ၊ မိသားစုတွေ၊ ဝင်​ငွေနည်းတဲ့ သာမန်ပြည်သူတွေအတွက် သက်သာတဲ့ နှုန်းထားနဲ့ ဝယ်ယူနိုင်ဖို့ အရစ်ကျစနစ်၊ ​ချေး​ငွေစနစ်အပြင် ပုံမှန်ဝင်​ငွေမရှိလို့ ဝယ်ယူဖို့ အခက်အခဲရှိသူတွေ အတွက်လည်း ပြည်သူ့ အငှားအိမ်ရာတွေ အ​ကောင်အထည်​ဖော်ကြဖို့ စဉ်းစား​ဆွေး​နွေးစီမံ​ပေးရမယ်လို့ ​ပြောကြားခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013