DVB Logo
Home
မြန်မာသတင်း
ကရင်နီတိုက်ပွဲ၌ KNDF တပ်ရင်း ၁၄ မှ ရဲဘော် ၁ ဦး ကျဆုံး
DVB
·
October 20, 2025
ကရင်နီတိုက်ပွဲ၌ KNDF တပ်ရင်း ၁၄ မှ ရဲဘော် ၁ ဦး ကျဆုံး
Donate to DVB

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီက ရှေ့တန်းတနေရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၄ က ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းက အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ရဲဘော် ခူးဟားရယ်က အောက်တိုဘာ ၁၆ ရက်မှာ စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်ရင်းနဲ့ ရှေ့တန်းမှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။

တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက “သူ တပ်ရင်းရောက်တာ တနှစ်ကျော်ပြီ။ တိုက်ခိုက်ရေး အဓိကလုပ်တာပေါ့။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ ပြန်ခုခံရင်းနဲ့ ကျသွားတာပေါ့နော်။ စစ်ကောင်စီကတော့ စစ်ကြောင်း ၂ ကြောင်း ၃ ကြောင်းလောက် ထိုးလာတာပေါ့နော်” လို့ ပြောပါတယ်။

ရဲဘော် ခူးဟားရယ်က ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှာ KNDF တပ်ရင်းအမှတ် ၁၄ ကို ရောက်ရှိလာပြီး ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်သူဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းပြည်နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးဆပ်သွားတဲ့အပေါ် မိသားစုဝင်တွေနဲ့ ထပ်တူခံစားရပြီး အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြု အလေးထားတယ်လို့ ပြောပါတယ်။

ကရင်နီပြည်နယ်ထဲက ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်တွေနဲ့ ရှမ်းပြည်နယ်စပ်က မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ် နေရာတချို့မှာ စစ်ကောင်စီတပ်​တွေက စစ်ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ အောက်တိုဘာလထဲ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013