DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီနှင့် တာ့ခ်ခရိုင်တွင် တရားမဝင်မြန်မာ ၂၅၀ ကျော် ဖမ်းဆီးခံရ
DVB
·
October 20, 2025
ကန်ကျနပူရီနှင့် တာ့ခ်ခရိုင်တွင် တရားမဝင်မြန်မာ ၂၅၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံထဲကို အခုရက်ပိုင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ ကန်ကျနပူရီခရိုင်မှာ ၁၆၂ ယောက်၊ တာ့ခ်ခရိုင်မှာ ၈၉ ယောက် စုစုပေါင်း ၂၅၁ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ကန်ကျနပူရီခရိုင်၊ ထောင်းဖာဖူးမြို့နယ်၊ ထာ့ခနွန်အုပ်စု၊ ဘန့်ဟင်လဲမ်ရွာနားက တောအုပ်ထဲမှာ သင်္ကာမကင်းဖြစ်စရာ လူအုပ်ကြီး ရောက်ရှိနေကြောင်း ရွာသားတွေက ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့တယ်၊ အုပ်ချုပ်ရေးမှူးကလည်း မြို့နယ်ရုံးကို ဆက်လက်သတင်းပို့ပြီး နယ်မြေခံရဲ၊ လဝက၊ နယ်ခြားစောင့်တပ်၊ ကျေးရွာလုံခြုံရေးက ပူးပေါင်းအဖွဲ့တွေနဲ့အတူ သွားရောက်ရှာဖွေ စစ်ဆေးခဲ့ပါတယ်။

မနက် ၉ နရီခွဲလောက်မှာတော့ အဆိုပါတောအုပ်ထဲမှာ နွမ်းလျစွာ ပုန်းခိုနေတဲ့ လူတအုပ်ကို တွေ့ရတယ်၊ ထိုင်းဘာသာစကား နားမလည်၊ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၉၂ ယောက်၊ အမျိုးသမီး ၅၇ ယောက်၊ အရွယ်မရောက်သေးတဲ့ ကလေး ၁၃ ယောက်၊ စုစုပေါင်း  ၁၆၂ ယောက် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဘာသာပြန်နဲ့ စစ်ဆေးချက်အရ သူတို့တွေဟာ စမွတ်စခွန်း၊ ဘန်ကောက်၊ ချွန်းပူးရီးနဲ့ မလေးရှားနိုင်ငံ တွေမှာ အလုပ်သွားလုပ်ဖို့ နယ်စပ်တောလမ်းကနေ ခြေလျင်လျှောက်ပြီး ဆန်ခလ ပူရီဘက်ကနေ ဝင်လာတယ်၊ ပွဲစားကို တယောက် ဘတ် ၂၀,၀၀၀ မှ ၂၄,၀၀၀ ထိ ပေးရပြီး ကားနဲ့လာခေါ်မှာကို စောင့်ဆိုင်းနေစဉ် ခုလို ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

အလားတူ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာလည်း အောက်တိုဘာ ၁၇ ရက်ညက  မယ်ပအုပ်စု နယ်စပ်သောင်ရင်းမြစ်ဘေးမှာ ကားစီးဖို့ပြင်နေတဲ့ တရားမဝင်မြန်မာ ၅၅  ယောက်ကို လမ်းပြ ၂ ယောက် ကား ၃ စီးနဲ့အတူ ဖမ်းမိတယ်။

အဆိုပါ မယ်ပအုပ်စုထဲမှာဘဲ လမ်းဘေးမှာ ခြေလျင်လျှောက်သွားနေတဲ့ တရားမဝင် မြန်မာ ၃၄  ယောက်၊ နေရာ ၂ နေရာပေါင်း  တရားမဝင်မြန်မာ ၈၉ ယောက် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဲဒီညက တရားမဝင်သူတွေ တင်ဆောင်တဲ့ မီးခိုးရောင်ဟိုင်းလပ်စ်တိုယိုတာကား တစီးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့  အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ လုံခြုံရေးပြဿနာ၊ အလုပ်ရှားပါး စားဝတ်နေရေး ပြဿနာတွေကြောင့် ပြည်သူတွေ တခြားနိုင်ငံကို ထွက်ခွာမှု နေ့စဉ်ရှိနေပြီး တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရတာလည်း နေ့စဉ်လို ဖြစ်နေပါတယ်။

Source:  Kanchaburi News / AEC ASIAN Thai News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013