DVB Logo
Home
နိုင်ငံတကာ
တရုတ်ထိပ်တန်း စစ်ခေါင်းဆောင် ၂ ဦး အကျင့်ပျက်ခြစားမှုဖြင့် ရာထူးက ဖယ်ရှားခံရ  
DVB
·
October 19, 2025
တရုတ်ထိပ်တန်း စစ်ခေါင်းဆောင် ၂ ဦး အကျင့်ပျက်ခြစားမှုဖြင့် ရာထူးက ဖယ်ရှားခံရ  
Donate to DVB

တရုတ်အစိုးရဟာ စစ်တပ် ထိပ်တန်း ခေါင်းဆောင် ၂ ယောက်ကို အကျင့်ပျက်ခြစားမှု စွဲချက်နဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်မှာ ကြေညာခဲ့ပါတယ်။

သူတို့ဟာ ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ ရာထူးကနေ ဖယ်ရှားခံရတဲ့ အဆင့်မြင့်ဆုံး စစ်ဘက်အရာရှိတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ နံပါတ် ၂  ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီး ဟော့ဝေတုံးနဲ့ တရုတ်စစ်တပ်ရဲ့ ထိပ်တန်း နိုင်ငံရေး အရာရှိဟောင်း မြောင်ဟွားတို့ဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ ပစ်မှတ်ထားခံရတဲ့ နောက်ဆုံး စစ်တပ်အရာရှိတွေ ဖြစ်ပါတယ်။

သူတို့ကို တရုတ်ကွန်မြူနစ်ပါတီကနေ ဖယ်ရှားတာဟာ ၁၉၆၆-၁၉၇၆ ယဉ်ကျေးမှုတော်လှန်ရေးနောက်ပိုင်း ဗဟိုစစ်ကော်မရှင်မှာ အာဏာလက်ရှိ ဗိုလ်ချုပ်ကြီးကို ဖယ်ရှားတဲ့ ပထမဆုံး ဖြစ်ရပ်ပါ။

မတ်လကတည်းက လူမြင်ကွင်းမှာ သူတို့ကို မတွေ့ခဲ့ရပေမဲ့ လှုပ်ရှားမှုတွေကို တရုတ်အာဏာပိုင်တွေက အရင်က ထုတ်မပြောခဲ့ပါဘူး။ 

ဟော့ဝေတုံး၊ မြောင်ဟွားနဲ့ တခြား အကြီးတန်း စစ်ဘက်အရာရှိ ၇ ယောက်တို့ဟာ ပါတီစည်းကမ်းကိုအပြင်းအထန် ချိုးဖောက်ပြီး ငွေကြေးအမြောက်အမြားပါတဲ့ ကြီးလေးတဲ့ တာဝန်နဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိတယ်လို့  ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ဂန်းက ပြောပါတယ်။

သူတို့ရဲ့ ကျူးလွန်မှုတွေဟာ အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့အတူ သဘာဝတရားအရ ဆိုးရွားလွန်းတယ်လို့လည်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ပါတီနဲ့ စစ်တပ်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတခုလို့လည်း  ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013