DVB Logo
Home
နိုင်ငံတကာ
ဘဲရင်း ရေလက်ကြား၌ 'ပူတင်-ထရမ့်ပ်’ ဥမင်လိုဏ်ခေါင်းဖောက်ရန် ရုရှား အကြံပြု
DVB
·
October 19, 2025
ဘဲရင်း ရေလက်ကြား၌ 'ပူတင်-ထရမ့်ပ်’ ဥမင်လိုဏ်ခေါင်းဖောက်ရန် ရုရှား အကြံပြု
Donate to DVB

ရုရှားနဲ့ အမေရိကန်တို့ဟာ ၂ နိုင်ငံကို ချိတ်ဆက်ဖို့၊ သဘာဝအရင်းအမြစ်တွေကို ပူးပေါင်း ရှာဖွေဖော်ထုတ်ဖို့နဲ့ စည်းလုံးညီညွတ်မှုကို သင်္ကေတပြုဖို့အတွက် ဘဲရင်းရေလက်ကြားအောက်မှာ ‘ပူတင်-ထရမ့်ပ်’ ရထားဥမင်လိုဏ်ခေါင်းတခုကို တည်ဆောက်သင့်တယ်လို့ ကရင်မလင် အထူးသံတမန် ကီရီးလ်မီးထရိဗ်က အောက်တိုဘာ ၁၇ ရက်မှာ အကြံပြု ပြောပါတယ်။ 

သမ္မတ ဗလာဒီမီယာပူတင်ရဲ့ ရင်းနှီးမြှုပ်နှံမှု သံတမန်လည်း ဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ RDIF နိုင်ငံပိုင်ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ ကီရီးလ်မီးထရိဗ်ရဲ့ အဆိုပြုချက်မှာ မော်စကိုနဲ့ နိုင်ငံတကာမိတ်ဖက်တွေဆီမှ ရန်ပုံငွေ ဒေါ်လာ ၈ ဘီလီယံ သုံးစွဲပြီး မိုင်ပေါင်း ၇၀ (၁၁၂ ကီလိုမီတာ) အရှည်ရှိတဲ့ ရထားနဲ့ ကုန်တင်ကုန်ချလမ်းကြောင်းကို ၈ နှစ်အတွင်း အပြီးအစီး ဆောက်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်နဲ့ ဖုန်းနဲ့စကားပြောပြီးနောက် ယူကရိန်းစစ်ပွဲကိုရပ်တန့်ဖို့ နည်းလမ်းရှာဖို့ ကြိုးစားတဲ့အနေနဲ့ ဘူဒါပက်စ်မှာ တွေ့ဆုံဖို့ သဘောတူခဲ့ပြီးနောက်မှာ ရုရှားနဲ့ အမေရိကန် ဆက်ဆံရေး ပြန်ကောင်းလာစေဖို့ ရည်ရွယ်ပြီး ရုရှားရဲ့ ဆွဲဆောင်မှုရှိရှိ သံတမန်ရေးကြိုးပမ်းမှုကို ဦးဆောင်သူ မီးထရိဗ်က ဥမင်လိုဏ်ခေါင်း တည်ဆောက်ရေး အကြံအစည်ကို ချပြခဲ့တာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013