DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံးနေသည့် ဒေါ်သူဇာမောင် မိသားစုကို စစ်တပ်က ဖမ်းဆီးထားဟု ထုတ်ပြန်
DVB
·
October 18, 2025
ပျောက်ဆုံးနေသည့် ဒေါ်သူဇာမောင် မိသားစုကို စစ်တပ်က ဖမ်းဆီးထားဟု ထုတ်ပြန်
Donate to DVB

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Myanmar Muslim Refugee Community-MMRC အဖွဲ့ တည်ထောင်သူ ဒေါ်သူဇာမောင်နဲ့ မိသားစုအား မြန်မာနိုင်ငံကို တရားမဝင် ပြန်လာဝင်ရောက်လာချိန်မှာ ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီ ဩဇာခံ သတင်းမီဒီယာတွေကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဒေါ်သူဇာမောင်အပါအဝင် ခင်ပွန်းနဲ့ သားသမီး သုံးယောက်ကို ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ရန်ပုံငွေ ထောက်ပံ့တာ၊ ရန်ပုံငွေရှာဖွေ ပေးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဖမ်းဆီးတာလို့ ဆိုပါတယ်။

သူတို့ မိသားစုကို  မြစ်သားမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ၂၀၂၃ ခုနှစ်ကတည်းက အမှုဖွင့်ထားပြီး မြစ်သားမြို့နယ်တရားရုံးမှာလည်း ပုဒ်မ ၅၂ (က) နဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ တို့နဲ့ တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

ဒေါ်သူဇာမောင်ဟာ မြန်မာမွတ်စလင်ဒုက္ခသည်အသိုက်အဝန်း (Myanmar Muslim Refugee Community) နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကော်မတီ (Myanmar Migrant Workers Committee) တို့မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။

ဒေါ်သူဇာမောင်နဲ့ မိသားစုဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ၂၀၂၃ ခု ဇူလိုင် ၄ ရက်က ပြန်ပေးဆွဲခံခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

လာရောက်ဖမ်းဆီးသွားသူတွေက ရဲတပ်ဖွဲ့ နံပါတ်ပြားတပ်ထားတဲ့ ကားနဲ့ရောက်လာပြီး ဂိတ်လုံခြုံရေးကို ရဲတပ်ဖွဲ့က လာတယ်လို့ပြောကာ ဒေါ်သူဇာမောင်နဲ့ မိသားစုကို ဖမ်းဆီးသွားပေမဲ့ နောက်ပိုင်းစစ်ဆေးတဲ့အခါ ရဲကားနံပါတ်ပြား မဟုတ်တာကို သိခဲ့ရတယ်လို့ မျက်မြင်သက်သေတွေနဲ့ လုံခြုံရေးကင်မရာကနေရိုက်ကူးထားတဲ့ ရုပ်သံတွေကို အခြေခံပြီး HRW က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက် ပြန်လည်လွတ်မြောက်လာတဲ့ သတင်းတွေကိုတော့ ထုတ်ပြန်တာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013