
တိုက်စစ်မှူး အက်စ်ဆက်ခ်ဟာ လက်ရှိအချိန်မှာ ရာနှုန်းပြည့်ကြံ့ခိုင်မှု ပြည့်ဝနေပြီဖြစ်ကြောင်း လီဗာပူး နည်းပြအာနဲစလော့က ပြောသွားပါတယ်။
မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲစဉ် မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တိုက်စစ်မှူးသစ် အက်စ်ဆက်ခ်ရဲ့ ကြံ့ခိုင်မှု အကောင်းဆုံး ပုံစံရရှိလာပြီဖြစ်ကြောင်း နည်းပြစလော့က ပြောသွားတာပါ။
ပြီးခဲ့တဲ့ သီတင်း ၅ ပတ် ၆ ပတ်ကာလအတွင်းမှာ အက်စ်ဆက်ခ်ရဲ့ ကြံ့ခိုင်မှုက အဆင်သင့်အနေအထားမဟုတ်ခဲ့ဘဲ လက်ရှိအချိန်မှ ရာနှုန်းပြည့်ကြံ့ခိုင်မှု ပြည့်ဝလာတာဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိဘဲ ကစားလို့ မရနိုင်ကြောင်းနဲ့ အက်စ်ဆက်ခ်ရဲ့ အကောင်းဆုံးခြေစွမ်းကို မကြာခင်မြင်တွေ့ရတော့မှာဖြစ်ကြောင်း နည်းပြ စလော့က ပြောသွား ပါတယ်။
Photo: Reuters










