
ရိုမေးနီးယားမြို့တော် ဘူခါရက်စ်မှာ အောက်တိုဘာလ ၁၇ ရက်က ၈ ထပ်တိုက် အဆောက်အအုံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အထပ်အများအပြား ပြိုကျခဲ့ပြီး လူ ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေမှာ ဖော်ပြပါတယ်။
ပေါက်ကွဲမှုကြောင့် အနီးနားရှိ အထက်တန်းကျောင်းမှာ ပြတင်းပေါက်တွေ ကွဲအက်သွားခဲ့ကြောင်း Hotnews သတင်းဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုကြောင့် အထပ် ၂ ထပ်က လုံးဝပြိုကျခဲ့ပြီး အောက်ဘက်က တခြားအထပ်တွေကိုလည်း ထိခိုက်ခဲ့ကြောင်း ဒေသတွင်း မီဒီယာက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၂ ယောက် သေဆုံးကာ တခြားသူ ၁၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်းကို ဘီးဇီးဒေး သတင်းဝဘ်ဆိုက်က အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာမှာ ပိတ်မိနေမယ့်သူတွေကို ရှာဖွေနေ ပါတယ်။
Source: Reuters











