DVB Logo
Home
နိုင်ငံတကာ
ကျားဖြန့် ကိစ္စဖြေရှင်းရန် ကမ္ဘောဒီးယားအာဏာပိုင်များနှင့်  တောင်ကိုရီးယားဒုဝန်ကြီးဆွေးနွေး  
DVB
·
October 17, 2025
ကျားဖြန့် ကိစ္စဖြေရှင်းရန် ကမ္ဘောဒီးယားအာဏာပိုင်များနှင့်  တောင်ကိုရီးယားဒုဝန်ကြီးဆွေးနွေး  
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ တောင်ကိုရီးယားနိုင်ငံသားတွေ ပါဝင်ပတ်သက်နေမှုကို ဖြေရှင်းဖို့အတွက်  တောင်ကိုရီးယား ဒု-နိုင်ငံခြားရေးဝန်ကြီး ဂင်မ်ဂျီနာဟာ အောက်တိုဘာ ၁၇ ရက်က ဖနွမ်းပင်မြို့ရှိ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ယန်သီးန် ဖူသီးရာ့စ်မေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီး ဂင်မ်ဂျီနာဟာ မနေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနက်နဲ့ ဖနွမ်ပင်မြို့တော်မှာ တွေ့ဆုံခဲ့ပြီးတော့ တောင်ကိုရီးယား တက္ကသိုလ်ကျောင်းသားတယောက် သေဆုံးမှုခဲ့တဲ့ အလုပ်အကိုင် လိမ်လည်မှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ 

ကမ္ဘောဒီးယားအာဏာပိုင်တွေဟာ ကမ္ဘာတဝန်းရှိ သားကောင်တွေကို လိမ်လည်လှည့်ဖြားဖို့ လူကုန်ကူးခံရတဲ့ အလုပ်သမားတွေကို အသုံးပြုခဲ့တဲ့ လိမ်လည်မှုစင်တာလို့ သံသယ ဖြစ်ဖွယ် ခြံဝင်းတဝင်းတခုကို မနေ့ကပဲ ဝင်ရောက်စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ဘာတီခရိုင်အုပ်ချုပ်ရေးမှူး ဖှုန်းချင်းမ်က “ဒီနေရာက သင်္ကာမကင်းသူ အကုန်လုံး ထွက်ပြေးသွားပါပြီ။ ရဲတွေစုဆောင်းထားတဲ့ အထောက်အထားတွေနဲ့ပစ္စည်းတွေ အကုန်လုံးကို အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးရုံးရှိ အမျိုးသားရဲ ကော်မရှင်နာရုံးခန်းက ဂိုဒေါင်မှာ သိမ်းထားတယ်”လို့ ပြောပါတယ်။ 

အသက် ၄၆ နှစ်ရှိ ရွာသား အွန်းဆုခ်လန်းကတော့ “ ဒီနေရာမှာ တွေ့မြင်ရသလောက်ကတော့ အားလုံး ပုံမှန်ပါပဲ။ သူတို့ဟာ ဒီနေရာမှာ ခါတိုင်းလိုပဲ ဝယ်ကြစားကြနဲ့၊ ဒေသခံတွေလိုပါပဲ။ ညည်းညူတာတွေလည်း တခါမှ မကြားဖူးဘူး” လို့ ပြောပါတယ်။

တောင်ကိုရီးယား တက္ကသိုလ်ကျောင်းသားဟာ လစာအမြောက်အမြားပေးမယ်ဆိုတဲ့ ကတိနဲ့အတူ ကမ္ဘောဒီးယားရှိ လိမ်လည်မှုစင်တာတခုမှာ အလုပ်ဝင်ဖို့ သွေးဆောင်ခံခဲ့ရပြီးနောက် ရာဇ၀တ်ဂိုဏ်းတခုရဲ့ ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက်မှာ သေဆုံးသွားလို့ တောင်ကိုရီးယားနိုင်ငံက အရေးယူဆောင်ရွက်မှု လုပ်ဆောင်လာခဲ့တာပါ။

တောင်ကိုရီးယားအစိုးရဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အစိတ်အပိုင်းတွေကို သွားရောက်မှုကို လုံးဝပိတ်ပင်လိုက်တဲ့ "code-black" အဆင့်  ခရီးသွားတားမြစ်ချက်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ကမ္ဘောဒီးယားအနောက်ပိုင်း ပွိုင်ပက်မြို့နဲ့ တောင်ပိုင်းရှိ ကမ်ပေါ့ မြို့တွေ အပါအဝင် ကမ္ဘောဒီးယားနိုင်ငံရဲ့ ဒေသ အစိတ်အပိုင်းတွေကို ခရီးသွားတားမြစ်ချက်အသစ် ထုတ်ပြန်ခဲ့ပြီး ဆီဟာနွတ်ဗေးလ် အပါအဝင် ဒေသတွေမှ ထွက်ခွာကြဖို့ အကြံပြုထားပါတယ်။ 

တောင်ကိုရီးယားအစိုးရဟာ ကမ္ဘောဒီးယားရှိ လိမ်လည်မှုတွေလုပ်ကိုင်နေတဲ့ ခြံဝင်းတွေထဲမှာ အလုပ်လုပ်ဖို့ဆွဲသွင်းခံထားရတဲ့ နိုင်ငံသားတွေနဲ့ သူတို့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ချုပ်နှောင်ခံထားသူတွေကို လုံးဝလွတ်မြောက်အောင် ကူညီပေးနိုင်ဖို့ ဒုနိုင်ငံခြားရေးဝန်ကြီး ဂင်မ်ဂျီနာ ဦးဆောင်တဲ့ အဆင့်မြင့်အရာရှိအဖွဲ့တဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ 

တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီလည်း ပါဝင်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက သီးခြား ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားရှိ လိမ်လည်မှုစင်တာ ခြံဝင်းတွေထဲမှာ ပါဝင်ပတ်သက်နေတဲ့ လူမျိုးပေါင်းစုံ ၂ သိန်းလောက် ရှိနေတဲ့အထဲမှာ တောင်ကိုးရီးယားနိုင်ငံသား ၁၀၀၀ ကျော် ပါဝင်နေတယ်လို့ ယူဆထားပါတယ်။

ကမ္ဘောဒီးယားအစိုးရဟာ အရေးယူမှု မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချလိုက်ပြီး လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာဟာ ပုံကြီးချဲ့ထားတာလို့ ဆိုပါတယ်။ 

COVID-19 ကပ်ရောဂါ ဖြစ်ပွားအပြီး အရှေ့တောင်အာရှမှာ ပေါ်ပေါက်လာတဲ့ လိမ်လည်မှုစင်တာတွေဟာ ကမ္ဘာတဝန်ရှိ သားကောင်တွေကို ပစ်မှတ်ထားတဲ့ ဖုန်းနဲ့ အွန်လိုင်း လိမ်လည်မှုတွေမှတဆင့် ရာဇ၀တ်မှု ကွန်ရက်တွေအတွက် နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီတဲ့ ၀င်ငွေ ရရှိနေတာ ဖြစ်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013