DVB Logo
Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသူမော်ဒယ် နန်းနွတ် ပါဝင်သည့် ထိုင်းသရဲကား ရုံတင်
DVB
·
December 5, 2014
ရှမ်းတိုင်းရင်းသူမော်ဒယ် နန်းနွတ် ပါဝင်သည့်  ထိုင်းသရဲကား ရုံတင်
1 / 2
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က   အသားကင်စားသောက်ဆိုင်မှာ စားပွဲထိုးဝင်လုပ်ရာက  မော်ဒယ်လ်ဖြစ်သွားတဲ့ မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသူ နန်းနွတ်ဟာ  လက်ရှိ ထိုင်းနိုင်ငံနဲ့ လာအို နိုင်ငံက ရုပ်ရှင်ရုံတွေမှာ   ရုံတင်ပြသနေတဲ့ သဲထိပ်ရင်ဖို သရဲကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

The Return ထိုင်းဘာသာနဲ့ ဖီထုန်းခင်း လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားမှာ  သူရဲဖြစ်သွားတဲ့ ခင်ပွန်းသည်ကို စောင့်မျှော်နေတဲ့ ဇနီးသည်အဖြစ် သရုပ်ဆောင်ခဲ့ရတယ်လို့ နန်းနွတ်က ဒီဗွီဘီကို ပြောပြပါတယ်။

“ထိုင်းနိုင်ငံက ဒါရိုက်တာပေါ့နော် သူတို့က ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ပြချင်တယ်ပေါ့။ ရုပ်ရှင်ရိုက်မယ်၊ ဗမာစကား လည်းတတ်ရမယ်၊ ထိုင်းစကားလည်းပြောတတ်ရမယ် ဆိုပြီး ဖုန်းဆက်လာပါတယ်။ အဲဒါ လွန်ခဲ့တဲ့ ၂ လလောက်က သွားရိုက်ဖြစ်တယ်။ တာချီလိတ်မြို့နယ် မုံးကိုးရွာဘက်မှာ   ယောကျာ်းက ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး အသတ်ခံရတယ်၊ သရဲဖြစ်သွားတယ်။  ကျမက ယောက်ျားပြန်လာတာကို မျှော်လင့် စောင့်ဆိုင်းရင်း ၀မ်းနည်းရတာ ငိုရတာတွေကို သရုပ်ဆောင်ရပါတယ်ရှင့်။”

0 copyသူ့အနေနဲ့ ရုပ်ရှင်သရုပ်ဆောင် မလုပ်ဖူးတဲ့အတွက် အစပိုင်းမှာ အခက်အခဲရှိပေမယ့် ဒါရိုက်တာတွေရဲ့ သင်ကြားပေးမှုတွေကြောင့် လုပ်နိုင်ခဲ့ကြောင်း၊  အနုပညာလုပ်ငန်းကိုလည်း ၀ါသနာပါပြီး ကမ်းလှမ်းသူရှိရင် ဆက်လုပ်မယ့်အကြောင်းနဲ့ လောလောဆယ် R-Siam တေးထုတ်လုပ်ရေးကုမ္ပဏီကလည်း ရှမ်းသီချင်းဆိုဖို့ ကမ်းလှမ်းထားတဲ့အတွက် အဆိုပိုင်းမှာ လေ့ကျင့်နေတယ်လို့ သူကဆက်ပြောပါတယ်။

ဒီဇာတ်ကားမှာ ထိုင်းနာမည်ကြီးမင်းသား အွမ် အခဖမ်း နမတ် နဲ့ လာအို နိုင်ငံက ရုပ်ရှင်သရုပ်ဆောင် ၂ ဦး၊ ကမ္ဘောဒီးယား နိုင်ငံက သရုပ်ဆောင် ၁ ဦးတို့လည်း ပါဝင်သရုပ်ဆောင်းထားပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မစ္စတာ ပွေ ဆတ်က်ချိုင်းဒီးနန်းက  “ကျနော်တို့ ထိုင်းနိုင်ငံမှာ လာပြီးအလုပ်လုပ်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တွေ့ကြုံရတဲ့ အခက်အခဲနဲ့ သူတို့ နေရင်းနိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ အခြေအနေတွေ မျှော်လင့်ချက်တွေကို လူတွေ သိစေချင်တဲ့ သဘောပေါ့နော်။ ဒါက ကျနော်ရဲ့ ၆ ကြိမ်မြောက် ဇာတ်ကားဖြစ်ပါတယ်။ အရင်ကတော့ အချစ်ဇာတ်လမ်းတွေ၊ လူမှုရေးဇာတ်လမ်းတွေရိုက်ခဲ့တယ်။ ဘ၀ပညာပေးဇာတ်လမ်းကတော့ ဒါ ပထမဆုံးပါ။ မြန်မာအလုပ်သမားရဲ့ ဇနီးနေရာမှာ အစက မြန်မာသရုပ်ဆောင်ကို ရွေးချယ်မလို့ပါဘဲ။ ဒါပေမယ့် ဘာသာစကား နဲ့ ဆက်သွယ်ရေး အခက်အခဲရှိလို့  နန်းနွတ် ကို ရွေးခဲ့တာပါ” လို့ ထိုင်းဘာသာနဲ့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်း၊ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယား လေးပွင့်ဆိုင် ဇာတ်ကားရိုက်ကူးဖို့  ၁ နှစ်လောက် အချိန်ယူ ပြင်ဆင်ခဲ့ရပေမယ့်  ဒီဇာတ်ကားကို ကြည့်ရှုအားပေးသူ နည်းပါးနေသေးပြီး မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ သွားရောက်ပြသဖို့လည်း ဆက်သွယ်ထားတယ်လို့ ဒါရိုက်တာ က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မြန်မာအလုပ်သမားအကြောင်း ပါဝင်တဲ့    Myanmar in love in Bangkok - ဘယ်လိုအချစ်မျိုးလဲ ဇာတ်ကားကို ရိုက်ကူးပြသခဲ့ပြီး  အဲဒီရုပ်ရှင်မှာ အဓိက သရုပ်ဆောင်အဖြစ်  မြစ်ကြီးနားမြို့ကနေ ထိုင်းမှာ အလုပ်လာလုပ်တဲ့ အသက် ၁၉ နှစ်ရွယ် မောင်အောင်နိုင်စိုးကို  ရွေးချယ်ရိုက်ကူးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013