DVB Logo
Home
နိုင်ငံတကာ
ရုရှားရေနံ မဝယ်ရန် အိန္ဒိယ သဘောတူခဲ့ဟု ထရမ့်ပ် ထုတ်ပြော
DVB
·
October 16, 2025
ရုရှားရေနံ မဝယ်ရန် အိန္ဒိယ သဘောတူခဲ့ဟု ထရမ့်ပ် ထုတ်ပြော
Donate to DVB

အမေရိကန်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ ဆီက ရုရှားရေနံဝယ်ယူတာ ရပ်တန့်မယ်ဆိုတဲ့ သဘောတူညီချက်ကို ရပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ် ကိုယ်တိုင် အတည်ပြုပါတယ်။

လက်ရှိ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်က ရုရှားအစိုးရကို စီးပွားရေးအရ ဖိအားပေးနိုင်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အိန္ဒိယဟာ ရုရှားရေနံတင်သွင်းမှုကို ချက်ချင်းရပ်လိုက်ဖို့ မဖြစ်နိုင်တဲ့အလျောက် “အချိန်တိုအတွင်း” လုပ်ဆောင်မယ်ဆိုပြီး ဝန်ကြီးချုပ်ဘက်က အာမခံခဲ့တာပါ။

ဒါကြောင့် ထရမ့်ပ်က “ကြီးမားတဲ့ မှတ်တိုင်တခု” ဖြစ်တယ်လို့ သတင်းထောက်တွေကို မှတ်ချက်ပေးပါတယ်။

လောလောဆယ် အမေရိကန်နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့  ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မှတ်ချက်ပေး အတည်ပြုဖို့ကို ငြင်းဆိုထားပါတယ်။

ရုရှားရဲ့ အကြီးမားဆုံးပို့ကုန်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဖြစ်ပြီး မော်စကိုဆီက အများဆုံး ဝယ်ယူနေတဲ့ ဖောက်သည်တွေထဲမှာ တရုတ်၊ အိန္ဒိယနဲ့ တူရကီ စတဲ့နိုင်ငံတွေ ပါဝင်တာကို တွေ့ရပါတယ်။

အခုလိုမျိုး ရုရှားဆီက ရေနံဝယ်ယူမှုကို ရပ်တန့်ဖို့ အမေရိကန်အနေနဲ့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့လည်း အိန္ဒိယရဲ့ ငြင်းဆန်မှုကြောင့် သံတမန်ဆက်ဆံရေး အက်ကြောင်းထခဲ့ပါတယ်။

ဒါကြောင့် ရုရှားရေနံနဲ့ လက်နက်တွေပါ ဝယ်ယူနေတဲ့ အိန္ဒိယအပေါ် အခွန် ၅၀ ရာခိုင်နှုန်း စည်းကြပ်ဖို့အတွက် ထရမ့်ပ် အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လမှာ ဆုံးဖြတ်ခဲ့ပါတယ်။

“အခုဆိုရင် အလားတူလုပ်ဆောင်ဖို့ တရုတ်အပေါ် ဖိအားပေးရဦးမယ်” ဆိုပြီး ထရမ့်ပ်က ပြောသွားသလို ဂျပန်ကိုလည်း ရုရှားရေနံနဲ့ ဓာတ်ငွေ့တင်သွင်းမှု ရပ်တန့်ဖို့အတွက် တိုက်တွန်းထားပါတယ်။

တဖက်မှာ အမေရိကန်နဲ့အတူ ဥရောပနိုင်ငံတွေက မော်စကိုနဲ့ ကုန်သွယ်မှု ဆက်လုပ်နေတာကို ထောက်ပြပြီး “စံနှုန်းအမျိုးမျိုးနဲ့ လိုအပ်သလိုပုံဖော်နေ” (Double Standard) ကြောင်း ဒေလီအစိုးရက ဝေဖန်ထားပါတယ်။

ဒါ့အပြင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိထားပေမဲ့လည်း ယူကရိန်းစစ်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေတဲ့မူဝါဒကို မိုဒီက ကိုင်စွဲထားခဲ့တာပါ။

ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးစီးပွားရေး လည်ပတ်နိုင်ဖို့ဆိုရင် အိန္ဒိယဟာ လျှော့စျေးနဲ့ရနေတဲ့ ရုရှားရေနံစိမ်းအပေါ်  မှီခိုနေရတဲ့အကြောင်း ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013