DVB Logo
Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးနိုဘယ်လ်ဆု မရခဲ့ခြင်းအပေါ် ထရမ့်ပ် အရွှန်းဖောက်၊ နောက်နှစ်ကို မျှော်လင့်
DVB
·
October 16, 2025
ငြိမ်းချမ်းရေးနိုဘယ်လ်ဆု မရခဲ့ခြင်းအပေါ် ထရမ့်ပ် အရွှန်းဖောက်၊ နောက်နှစ်ကို မျှော်လင့်
Donate to DVB

နိုဘယ်လ်ဆုအတွက် ငြိမ်းချမ်းရေးဖော်ဆောင်သူလို့ သူ့ကိုယ်တိုင် စည်းရုံးလှုံ့ဆော်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အောက်တိုဘာ ၁၅ ရက်က အိမ်ဖြူတော် ညစာစားပွဲမှာ သူ့ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်ခဲ့မှုတွေကို ထောက်ပြ ဂုဏ်ဖော် ပြောဆိုခဲ့ပြီး နိုဘယ်လ်ဆု မရခဲ့တဲ့အပေါ်လည်း အရွှန်းဖောက်ခဲ့ပါတယ်။

သူဟာ ၈ လအတွင်းမှာ စစ်ပွဲ ၈ ခုကို ရပ်တန့်ခဲ့တယ်၊ နိုဘယ်လ်ဆု ရခဲ့သလား၊ မရခဲ့ဘူးလေ” လို့ ထရမ့်ပ်က ပြောကြားခဲ့တာပါ။

နောက်နှစ် ပိုကောင်းလာလိမ့်မယ်လို့ သံသယရှိပေမဲ့ မသိတော့ပါဘူးလို့လည်း သမ္မတက ပြောကြားခဲ့ပြီး သူဟာ သန်းပေါင်းရာနဲ့ချီတဲ့ အသက်တွေကို ကယ်နိုင်ဖို့ပဲ အာရုံစိုက်နေတာလို့ ဆိုပါတယ်။

“တကယ်တော့ ပါကစ္စတန်ဝန်ကြီးချုပ်က ကျနော့်ကိုတွေ့ချိန်မှာ စိတ်လှုပ်ရှားနေပြီး လူတွေရှေ့မှာ သူက ပြောတယ်၊ ဒီလူကြီးက အသက်တွေ ၃ သန်း၊ ၅ သန်း၊ မရေမတွက်နိုင်တဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တယ်ဆိုပြီး ပြောတာ” လို့ ထရမ့်ပ်က ဆိုပါတယ်။

“ကျနော်တို့ လုပ်ရတဲ့ အကြောင်းရင်းရဲ့ တစိတ်တပိုင်းကတော့ ကုန်သွယ်မှုပါပဲ။ ကျနော်တို့ တားနိုင်ခဲ့တဲ့ စစ်ပွဲ ၈ ပွဲလောက်ထဲမှာ ၅ ခုလောက်က ကုန်သွယ်ရေးကြောင့်၊ စည်းကြပ်ခွန်တွေရဲ့ စွမ်းအားကြောင့်လို့ ပြောရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

သူဟာ စည်းကြပ်ခွန်တွေရဲ့ စွမ်းအားကို စစ်ပွဲတွေရပ်ဖို့ ရည်ရွယ်ချက်နဲ့ သုံးစွဲတာဖြစ်ပြီး စစ်ပွဲတွေကို ရပ်သွားစေရတာကိုလည်း သဘောကျပါတယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ဒီနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် အသက် ၅၈ နှစ်အရွယ် စက်မှုအင်ဂျင်နီယာ မာရီယာ ကိုရီနာ မာချာဒိုက ရရှိသွားတာပါ။

မာချာဒိုဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆယ်စုနှစ်တခုကျော် စီးပွားရေး၊ လူမှုရေး ပြိုလဲနေပြီး နိုင်ငံရေးအရလည်း ကွဲလွဲနေတဲ့ ပြည်သူတွေကို ခွန်အား ပြန်ဖြည့်ပေးခဲ့တာကြောင့် ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ အောင်မြင်အောင် ကြားဝင် အကျိုးဆောင်ပေးနိုင်ခဲ့တဲ့ ထရမ့်ပ် အစား ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ကို ငြိမ်းချမ်းရေးဆု ပေးအပ်ဖို့ နိုဘယ်လ်ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို အိမ်ဖြူတော်က ဝေဖန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013