DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်အုပ်စု ဗုံးကြဲ၊ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး
DVB
·
October 16, 2025
မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်အုပ်စု ဗုံးကြဲ၊ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အရှေ့ပိုင်းက အထက်ညောင်ကုန်းရပ်ကွက်အနီးကို အောက်တိုဘာ ၁၆ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၃ ယောက် ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးကာ ဒေသခံအမျိုးသား ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ မိုးကုတ်မြို့ကို နေ့စဉ်လိုလို ဗုံးကြဲနေတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

"မနက်က နားစည်တောင်ကွဲမတတ်ပဲ အသံကတော်တော်ကျယ်တာပါ။ စျေးသွားဈေးလာ လူတွေရော၊ မနက်စာစားနေတဲ့ သူတွေရော အကုန်ထွက်ပြေးကြတာ။ ဒဏ်ရာရတဲ့ ၃ ယောက်ကတော့ ကံကောင်းတယ်ပြောရမယ်။ ကြီးကြီးမားမား ဒဏ်ရာမရလို့။"

ထိခိုက်ဒဏ်ရရရတဲ့ ဒေသခံအမျိုးသား ၃ ယောက်ဟာ အသက် ၃၀ ကျော်အရွယ်တွေဖြစ်ပြီး သူတို့ကို ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တ်ုဘာ ၁၄ ရက်ကလည်း နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ရွာကို ဂျက်ဖိုက်တာနဲ့ စစ်ကောင်စီ လေကြောင်းပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ဒေသခံ အရပ်သား ၁၀၀ နီးပါး သေဆုံးကာ ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မြေပြင်မှာ ကူညီနေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013