DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာမည့် ထရမ့်ပ်၏ဆန္ဒကို ရုရှားကြိုဆို
DVB
·
October 15, 2025
ယူကရိန်းငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာမည့် ထရမ့်ပ်၏ဆန္ဒကို ရုရှားကြိုဆို
Donate to DVB

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး အောင်မြင်ပြီးတဲ့နောက် ယူကရိန်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးသဘောတူညီချက်ရမယ့် နည်းလမ်းရှာဖို့ အာရုံစိုက်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆန္ဒကို ကြိုဆိုတယ်လို့ ရုရှား သမ္မတနန်းတော် ကရင်မလင်က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။

သဘောတူညီချက်ရတဲ့အထိ ထရမ့်ပ်က ယူကရိန်းအစိုးရကို တွန်းအားပေးနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား သဘောတူညီချက်တရပ်ရအောင် ကြားဝင်စေ့စပ်ပြီးတဲ့ နောက်တရက် အစောပိုင်းမှာ အစ္စရေးလွှတ်တော်ကို မိန့်ခွန်းပြောရာမှာ ထရမ့်ပ်က သူ့ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အီရန်နဲ့ သဘောတူညီချက် ရချင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ယူကရိန်းစစ်ပွဲကို ပထမဆုံး အဆုံးသတ်ဖို့ အာရုံစိုက်သွားမယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

အရင်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆွေးနွေးခဲ့ဖူးတဲ့ ထရမ့်ပ်ရဲ့ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်ကို ရည်ညွှန်းရင်း အရင်ဆုံး ရုရှားကိစ္စကို ပြီးအောင်လုပ်ရမယ်။ စိတ်မဆိုးဘူးဆိုရင် စတိဗ်၊ ရုရှားကို အရင်အာရုံစိုက်ရအောင်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

ရုရှားဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပွင့်ပွင့်လင်းလင်း ရှိနေတယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။

“ဒီလို ရည်ရွယ်ချက်တွေကို ကျနော်တို့ အသေအချာ ကြိုဆိုပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်တွေကို ရှာဖွေမြှင့်တင်ဖို့ ဖြစ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ဖို့ နိုင်ငံရေးဆန္ဒကို အတည်ပြုတာကို ကြိုဆိုပါတယ်” လို့ ထရမ့်ပ်ရဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး မေးချိန်မှာ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

ယူကရိန်းနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ရုရှားဘက်က ရပ်ထားပြီး သဘောတူညီချက်တရပ်အတွက် ဖြစ်နိုင်ခြေရှိတဲ့ ကဏ္ဍတွေကို ထည့်သွင်းစဉ်းစားဖို့ အလုပ်အဖွဲ့တွေ ဖွဲ့စည်းမယ့် စိတ်ကူးကို ကောင်းကောင်းမလုပ်ဘူးလို့ ယူကရိန်းက စွပ်စွဲထားပါတယ်။

ရုရှားအစိုးရက သဘောတူညီချက်တခုအတွက် အလေးအနက်မထားဘဲ ယူကရိန်းက လက်နက်ချဖို့ တောင်းဆိုတဲ့ သဘောတူရမယ့် အခြေအနေတွေကို ရှေ့တန်းတင်နေတယ်လို့လည်း ယူကရိန်းက စွပ်စွဲထားပါတယ်။

ယူကရိန်းနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ရပ်နေတယ်လို့ ပဲ့စ်ကို့ဗ်က ပြောပြီး ထရမ့်ပ်က ယူကရိန်းကို တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးနိုင်တယ်လို့ ပြောချိန်မှာ ဒါကို အန္တရာယ်ရှိတဲ့ ကျယ်ပြန့်ပြင်းထန်မှုအဖြစ် သတ်မှတ်တယ်လို့ ရုရှားအစိုးရက ရှင်းအောင် ပြောထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013