DVB Logo
Home
မြန်မာသတင်း
ယောဒေသတွင် စစ်တပ်က ထွက်ပြေးလာသူ ၃ ဦးကို လက်နက်ခဲယမ်းများဖြင့် ဖမ်းမိ
DVB
·
October 14, 2025
ယောဒေသတွင် စစ်တပ်က ထွက်ပြေးလာသူ ၃ ဦးကို လက်နက်ခဲယမ်းများဖြင့် ဖမ်းမိ
Donate to DVB

မကွေးတိုင်း​၊ ယောဒေသတွင် စစ်တပ်ထဲကနေ ထွက်ပြေးလာကြသူ ၃ ယောက်ကို အောက်တိုဘာ ၁၀ ရက်နဲ့ ၁၂ ရက်တွေမှာ လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အရှင်ဖမ်းမိခဲ့တယ်လို့ ယောအလင်းတန်းအဖွဲ့ဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျောက်ထု အမတ ၃၆၈ တပ်ရင်းကနေ ထွက်ပြေးလာကြတဲ့ အသက် ၄၀ ဝန်းကျင် ဒုတပ်ကြပ်အဆင့်ရှိသူ ၂ ယောက်ကို ကျောက်ထုမြို့နယ်ထဲက ကားလမ်းပေါ်မှာ ၁၀ ရက် မနက်ပိုင်းက ဖမ်းမိခဲ့တာဖြစ်ပြီး ဆောမြို့မှာ တာဝန်ကျနေပြီး ထွက်ပြေးလာတာက တပ်ကြပ်ကြီးအဆင့်ရှိသူ ဖြစ်ပါတယ်။ သူကလည်း အသက် ၄၀ ဝန်းကျင်ပါပဲ။ သူ့ကိုတော့ ၁၂ ရက် ညနေပိုင်းမှာ ဆောမြို့နယ်ထဲက ရွာတရွာနားမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူ တပ်ကြပ်ကြီးဆီကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာမရှိပေမယ့် ဒုတပ်ကြပ်အဆင့် ရှိသူတွေဆီကနေ  MA5 ပစ္စတို သေနတ် ၁ လက်၊ ၉-မမ ကျည် ၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဖုန်း ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ရှိသူ ကိုအောင်ကြီး က “သူတို့ ၃ ယောက်လုံးက ယောဒေသထဲမှာ ဖမ်းမိကြတာဆိုပေမယ့် ဖမ်းဆီးရမိတဲ့ အနေအထားချင်း မတူကြပါဘူး။ ကျောက်ထု အမတ ၃၆၈ က ဒုတပ်ကြပ် ၂ ယောက်ကို ကျောက်ထုမြို့နယ်ထဲမှာရှိတဲ့ ဒေသခံတွေနဲ့ ရပ်ကျေး ပကဖ တွေက ဖမ်းဆီးနိုင်ခဲ့ကြတာ။ အဲဒီ ၂ ယောက်က သူတို့တပ်က ထွက်ပြေးလာပြီးတော့ ရွာတရွာက ဆိုင်တဆိုင်မှာ သူတို့ပါတဲ့သေနတ်နဲ့ ခြိမ်းခြောက်ပြီး အရက်ပုလင်းတွေ ယူသွားကြသေးတယ်လို့တော့ ကနဦး သိရတာပေါ့ဗျာ။ နောက်ထပ် ဆောမြို့ပေါ်က ထွက်ပြေးလာတဲ့ တပ်ကြပ်ကြီးကိုတော့ အဲဒီဆောဘက်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တခုက ဖမ်းဆီးနိုင်ခဲ့တာပါ” လို့  DVB ကို ပြောပါတယ်။ 

အရှင်ဖမ်းဆီးရမိတွေကိုတော့ သက်ဆိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ဆေး မေးမြန်းတာတွေ ဆက်လက်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

ကျောက်ထု အမတ ၃၆၈ က အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ထွက်ပြေးသွားကြတဲ့ ဒုတပ်ကြပ် ၂ ယောက်ကို ရှာဖွေဖို့ အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ကျောက်ထုမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကြောင်းထိုး ဝင်​ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013