DVB Logo
Home
မြန်မာသတင်း
ကိုနေဘုန်းလတ်နှင့် ကဗျာဆရာအောင်လွန်းတို့ ပါဝင်သည့် “မိုးသောက်ချိန်” စကားဝိုင်း (အပိုင်း ၁) 
DVB
·
October 14, 2025
ကိုနေဘုန်းလတ်နှင့် ကဗျာဆရာအောင်လွန်းတို့ ပါဝင်သည့် “မိုးသောက်ချိန်” စကားဝိုင်း (အပိုင်း ၁) 
Donate to DVB

ဒီတပတ် “မိုးသောက်ချိန်” DVB ရုပ်သံ စကားဝိုင်းအစီအစဉ်မှာတော့ ဘလော့ဂါနဲ့ ကဗျာဆရာလည်းဖြစ် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ကိုနေဘုန်းလတ်နဲ့ ကဗျာဆရာအောင်လွန်းတို့က သူတို့ဖန်တီးချင်တဲ့ အနုပညာ၊ ယုံကြည်ချက်၊ ခံစားချက်၊ သူတို့ မျှော်မှန်းတဲ့ အနာဂတ်တွေနဲ့ ပတ်သက်ပြီး မျှဝေပြောပေးထားပါတယ်။

ဒီအစီအစဉ် ပထမပိုင်းမှာတော့ ကိုနေဘုန်းလတ်က ကဗျာဆရာဘဝ၊ ဘလော့ဂါဘဝ ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းခဲ့ရတဲ့ ပျော်ရွှင်ကြည်နူးစရာ အတွေ့အကြုံတွေနဲ့ ကလေးတွေအတွက် Recycle အားကစားကွင်းတွေ ဆောက်လုပ်ပေးဖို့ စီစဉ်နေတဲ့အချိန် စစ်တပ်အာဏာသိမ်းမှု ဖြစ်ခဲ့တဲ့အတွက် ဘဝရည်မှန်းချက်တွေ ပြောင်းပြန်လန်သွားခဲ့ရတဲ့အကြောင်း ပြန်ပြောင်း ပြောပြထားပါတယ်။

ကဗျာဆရာအောင်လွန်းကလည်း  အမေနဲ့ဝေးနေတဲ့ တော်လှန်လူငယ်တွေအတွက် သူကိုယ်တိုင် ဖန်တီးရေးဖွဲ့ထားတဲ့ အလင်းအိမ်” သီချင်းနဲ့ ပတ်သက်ပြီး ခံစားပြောပြ တီးခတ် သီဆိုပေးထားပါတယ်။

အလင်းအိမ်

“ဟိုးအဝေးက မြို့ငယ်လေး၊ တမ်းတမိ အမေ့ပုံရိပ်တွေ၊  

(အို … အေး…  အို ) ၂  အသံချိုချိုလေး။

ဒီလိုစနစ်ဆိုးထဲ ဘယ်ပုံဘယ်နည်းများလဲ အမေ

သားတယောက်ရဲ့ နေ့စဉ်အတွေး၊  ဖဝါးတဖက်လောက် လှမ်းနိုင်သေးလား အမေ

(အို … အေး…  အို ) ၂  အသံချိုချိုလေး။

တုန်ရီနေတဲ့ လက်ကလေး၊  ဒေသနာ နာကြားဆဲလားအမေ

ကိုယ်တိုင်မသိတဲ့ ကိုယ်ပိုင်ဇာတ်ညွှန်းနဲ့၊  ရွေ့လျားခဲ့တဲ့သမိုင်းကြောင်းတို့ ဆွဲခေါ်ရာ

ဒုက္ခဆိုတာတွေကို အလံလို လွှင့်ထူရင်း

သမိုင်းနဲ့ ချီအောင် လေလွင့်ခဲ့တဲ့ အမေ့ရဲ့ ငှက်ကလေး

မကြာခင်မှာ အိမ်ပြန်လာတော့မယ်

အမေရေ တံခါးခေါက်သံလေး နားစွင့်နေပေးပါ။

အခန်းတံခါး အဝကိုငေး၊  နွမ်းလျလျ အမေ့မျက်ဝန်းတွေ၊

(အို အေး အို) ၂  အသံချိုချိုလေး

ငိုကာနေဦးမလား ကြယ်တွေ ကြွေကျသွားတိုင်းလေ။

ဟိုးအဝေးက မြို့ငယ်လေး၊ တမ်းတမိ အမေ့ပုံရိပ်တွေ၊

(အို … အေး…  အို ) ၂  အသံချိုချိုလေး။

ဒီလိုစနစ်ဆိုးထဲ ဘယ်ပုံဘယ်နည်းများလဲ အမေ ။     ။

အလင်းအိမ် သီချင်းနဲ့ ပတ်သက်ပြီး ကဗျာဆရာအောင်လွန်းက “ဒီသီချင်းက တော်လှန်ရေးထဲမှာရှိတဲ့ လူငယ်တွေကို ကိုယ်စားပြုတယ်။ ကျနော်တို့လူငယ်တွေက အိမ်တွေနဲ့ ခွဲလာခဲ့ကြရတယ်။ တောထဲ တောင်ထဲမှာ အသက်တွေ၊ ဘဝတွေ စွန့်လွှတ်ပြီး နေကြရတယ်။ အဲလိုမျိုးပဲ လူငယ်တွေက အသက်စွန့်နေကြရသလို မိခင်တွေကလည်း သူတို့ရဲ့ စိတ်ခံစားချက်တွေကို စွန့်လွှတ်နေကြရတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ရင်နှစ်သည်းချာတွေက တောထဲ တောင်ထဲမှာ မိဝေးဖဝေးနဲ့  ပူပန်စိတ်တွေနဲ့ မိဘတွေက နေနေကြရတယ်။ အဲဒါလေးကို ကျနော်ခံစားပြီး ရေးထားတာ ”လို့ ပြောပါတယ်။

ကိုနေဘုန်းလတ်နဲ့ ကဗျာဆရာအောင်လွန်းတို့နဲ့အတူ DVB ဝိုင်းတော်သား အစီအစဉ်တင်ဆက်သူ ဝမ်ဒီ နဲ့ ငုခတ္တာတို့က ပူးပေါင်း တင်ဆက်ပေးထားပါတယ်။

အပြည့်အစုံကို အောက်ပါ ယူကျုလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013