DVB Logo
Home
Lead Story
ပရဟိတ အဖွဲ့များ ပူးပေါင်ပြီး Volunteer Day ပြုလုပ်မည်
DVB
·
December 5, 2014
ပရဟိတ အဖွဲ့များ ပူးပေါင်ပြီး Volunteer Day ပြုလုပ်မည်
Donate to DVB

ဒီဇင်ဘာ ၇ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ Volunteer Day အထိမ်းအမှတ်အဖြစ် ပရဟိတအဖွဲ့ ၄၀ ကျော်က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဈေးရောင်းပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

logo_eng_boldဈေးရောင်းတာက ရတဲ့ အကျိုးအမြတ်တွေကို ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေ အတွက် စောင်နဲ့ အနွေးထည်တွေ သွားရောက်လှူဒါန်းမယ်လို့ ပရဟိတ လူငယ်များ ကွန်ရက်က မခိုင်ဝတ်ရည်က ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအလုပ်တွေ လုပ်နေတဲ့ Myanmar Youths in Action အဖွဲ့ကတော့ အသုံးမလိုပဲ ပိုနေတဲ့ ပစ္စည်းအချင်းချင်း လဲလှယ်မယ့် Re Use Concept အစီအစဉ်ကို လုပ်သွားမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ Volunteer Day က ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျရောက်တာ ဖြစ်ပေမယ့် အားလုံးပါဝင်နိုင်ဖို့အတွက် ၇ ရက်နေ့ကို ရွေးချယ်လိုက်တာဖြစ်ပြီး နေ့လယ် ၂ နာရီကနေ ည ၈ နာရီ အထိ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013