DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မိုးခဏရွာရုံဖြင့် လမ်းမပေါ် ရေကြီးနေသည့် စည်ပင်မြောင်းတူးစနစ်ကို အများပြည်သူ ဝေဖန်
DVB
·
October 14, 2025
ရန်ကုန်တွင် မိုးခဏရွာရုံဖြင့် လမ်းမပေါ် ရေကြီးနေသည့် စည်ပင်မြောင်းတူးစနစ်ကို အများပြည်သူ ဝေဖန်
Donate to DVB

ရန်ကုန်မြို့ထဲက အပင်ကြီးအပင်ငယ်မှန်သမျှကို ခုတ်ပြီး ရေမြောင်းတွေပြန်တူးနေပေမဲ့ မိုးခဏရွာတာနဲ့ လမ်းမကြီးတွေပေါ်မှာ ရေကြီးပြီး လူနေအိမ်ထဲရေဝင်တဲ့အထိဖြစ်လာတဲ့ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဌာနရဲ့ မြောင်းတူးတဲ့ စနစ်အပေါ်မှာ အများပြည်သူက ဝေဖန်မှု တွေရှိလာပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်သူတယောက်က “မိုးတွေကများလာပြီး ရာသီဥတုကပြောင်းလာပေမဲ့ ရေမြောင်းတူးတဲ့စနစ်က မပြောင်းလဲဘူးဖြစ် နေတယ်။ သစ်ပင်တွေခုတ်ပစ်ပြီး မြောင်းအကျယ်ကြီးတွေတူးပြီးမှ ရေတွေက အိမ်ထဲတောင် ဝင်လာတယ်” လို့ပြောပါတယ်။

ပြောင်းလဲလာတဲ့ရာသီဥတုနဲ့အညီ လိုက်လျောညီထွေနေထိုင်နိုင်ဖို့ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကတည်းက  အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမဲ့လည်း လတ်တလောအခြေအနေမှာ တော့ မြောင်းတူးနေရင်းနဲ့ အိမ်ထဲရေဝင်တဲ့အထိ ဖြစ်လာတဲ့ စည်ပင်ရဲ့ မြို့ပြမြေယာ ရေမြောင်းတူးတဲ့စနစ်အပေါ်  အများပြည်သူက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

စည်ပင်ရဲ့ ရေမြောင်းတူးတဲ့စနစ်ဟာ မိုးပေါက်ကြီးတွေ ကြီးလာတာ၊ အချိန်တိုအတွင်း မိုးရေချိန်လက်မ များများရွာချလိုက်တဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ မြောင်းငယ်၊ ချောင်းငယ်ကတဆင့် မြစ်မကြီးထဲ စီးဆင်းသွားနိုင်တဲ့ ရေမြောင်းစနစ်ကို ဖော်ဆောင်နိုင်တာမရှိပဲ တူးနေရင်းနဲ့ နေအိမ်ထဲထိရေကြီးနေတာဖြစ်ပါတယ်။

ဒါကြောင့် ဘတ်ဂျက်ငွေတွေသာကုန်ပြီး  အရိပ်ရသစ်ပင်တွေဆုံးရှုံးစေတဲ့အတွက် အများပြည်သူ အကျိုးမရှိပဲ နစ်နာစေတယ်လို့ စည်ပင်ဌာနကို အများပြည်သူက ဝေဖန်နေကြပါတယ်။

လတ်တလောမှာတော့ ရန်ကုန်မြို့က ဗဟန်း၊ တာမွေ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းစတဲ့မြို့နယ်တချို့မှာ မိုးဆက်တိုက်ရွာသွန်းနေသလို အောက်တိုဘာလကုန်ပိုင်းထိ စိုထိုင်းဆမြင့်မားပြီး မိုးရွာနိုင်ခြင်းကို အားပေးသည့်ရာသီဥတုအခြေနေတွေ ကြောင့် မုတ်သုံဆုတ်ခွာတဲ့ရက်နောက်ကျနိုင်ပြီး မုတ်သုံ နောက်ကျမိုးတွေဆက်ရွာနိုင်တယ်လို့ ထင်ရှားတဲ့ အရပ်ဘက်မိုးလေဝသ စောင့်ကြည့်လေ့လာသူက ခန့်မှန်းထားပါတယ်။

ဒါကြောင့် အောက်တိုဘာ ၁၀ ရက်နောက်ပိုင်း တနိုင်ငံလုံးကနေ မုတ်သုံလေဆုတ်ခွာ တဲ့ကာလဖြစ်ပေမဲ့ အဆိုပါ ရာသီဥတု အခြေနေတွေကြောင့် နိုဝင်ဘာလကုန်ပိုင်းထိ မိုးလွန်ကာလ ကို ဖြတ်သန်းကြရမှာဖြစ်ပါတယ်။

ဒီကာလတွေမှာ ဖြစ်မြဲအပူချိန်တွေထက် ကျဆင်းနိုင်ပြီး ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်အပြင် တောင်တရုတ်ပင်လယ်၊ အာရေဗျပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့ တွေမှာ ဖြစ်လေ့ရှိတဲ့ မိုးလေဝသ အခြေအနေတွေကြောင့် ပေါ်ဆန်းလို ရာသီစပါးနဲ့ နွေစပါးတွေအတွက် ဖျက်မိုး တွေဖြစ်လာနိုင်တယ်လို့ အရပ်ဘက်မိုး လေဝသ စောင့်ကြည့်လေ့လာသူ  ဦးဝင်းနိုင်က အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013