
နည်းပြလောကထဲကို သေချာပေါက် ပြန်လာမှာဖြစ်ကြောင်း ပြင်သစ်နည်းပြ ဇီဒန်းက ပြောသွားပါတယ်။
ဇီဒန်းဟာ ရီးရဲလ်အသင်းကို ၂ ကြိမ် တာဝန်ယူခဲ့ပြီးနောက် နည်းပြလောကနဲ့ ကင်းကွာနေတာ ၄ နှစ်လောက် ကြာမြင့်နေတာပါ။
ပြင်သစ်အားကစားမီဒီယာတခုနဲ့ အင်တာဗျူးမှာ မိမိရဲ့အနာဂတ်က ဘယ်လိုဆက်မဖြစ်မလဲဆိုတာ မသိသေးပေမဲ့ နည်းပြလောကထဲကို သေချာပေါက် ပြန်လာမှာဖြစ်ကြောင်း ပြောသွားခဲ့တာပါ။
မိမိရဲ့ နည်းပြဘ၀ ရည်မှန်းချက်တွေထဲမှာ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခွင့်ရဖို့လည်း ပါဝင်ပြီး ရှေ့ဆက် စောင့်ကြည့်သွားရမှာဖြစ်ကြောင်း ဇီဒန်းက ပြောပါတယ်။
ပြင်သစ်အသင်းကို နည်းပြ ဒက်စ်ရွှန့်က တာဝန်ယူနေပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ အသင်းကနေ ထွက်ခွာဖို့ရှိပါတယ်။










