DVB Logo
Home
အားကစား
နော်ဝေအသင်း ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့်ပြန်ရရန် နီးစပ်
DVB
·
October 12, 2025
နော်ဝေအသင်း ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားဝင်ခွင့်ပြန်ရရန် နီးစပ်
Donate to DVB

နော်ဝေလက်ရွေးစင်ဘောလုံးအသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့ နီးစပ်လာခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက် အစ္စရေးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ နော်ဝေအသင်းက ၅ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ခြေစစ်ပွဲအောင်ဖို့ ခြေတလှမ်းတိုးလာခဲ့တာပါ။ 

အသင်းခေါင်းဆောင် အိုဒီဂတ် ပါဝင်နိုင်ခြင်းမရှိသည့်တိုင် နော်ဝေအသင်းက ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး ဟာလန်းက ပင်နယ်တီမဝင်ခဲ့ပေမဲ့ ဟတ်ထရစ် ၃ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

နော်ဝေဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ် ၆ ပွဲစလုံးအနိုင်ရရှိထားပြီး လက်ကျန် ၂ ပွဲအလိုမှာ တပွဲကစားဖို့ ကျန်သေးတဲ့ ဒုတိယနေရာက အီတလီကို ၆ မှတ်ဖြတ်ထားတာပါ။ 

အီတလီထက် ဂိုးကွာဟချက် (+ ၁၉)  အထိအသာရထားတဲ့ နော်ဝေဟာ လာမယ့် နိုဝင်ဘာ ၁၃ ရက်မှာကစားရမယ့် အက်စ်တိုးနီးယားနဲ့ပွဲမှာ အနိုင်ရမယ်ဆိုရင် ခြေစစ်ပွဲအောင်မြင်ဖို့ သေချာသွားမှာဖြစ်ပြီး ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားယှဉ်ပြိုင်ကစားခွင့် ပြန်လည်ရရှိလာတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013