
အင်္ဂလိပ်စကားအခက်အခဲကြောင်း ပါလ်မာနဲ့ ဆက်ဆံရေး အခက်အခဲရှိကြောင်း ဘရာဇီးကြယ်ပွင့် အစ်စ်တေဘောင် ဝီလီယံက ပြောသွားပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အစ်စတေဘောင်ဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ဘရာဇီးကလပ် ပါလ်မီယာယက်စ်ကနေ ပြောင်းရွှေ့လာသူပါ။
အင်္ဂလန်မြေမှာ ဘောလုံးကိစ္စပြီးရင် ဘာသာစကားက အရေးကြီးဆုံးအချက်ဖြစ်ပြီး အသင်းဖော် ပါလ်မာရဲ့ ဗြိတိသျှအသံထွက်က အမေရိကန်အင်္ဂလိပ်စကားနဲ့ ကွဲပြားတာကြောင့် အခက်အခဲရှိ ကြောင်း အစ်စတေဘောင်ကပြောပါတယ်။
အမေရိကန်အင်္ဂလိပ်က ပိုပြီးလွယ်ကူတာကြောင့် ဆက်လက်လေ့လာနေဆဲဖြစ်ပြီး ပါလ်မာနဲ့ စကား တခွန်း၊ နှစ်ခွန်းသာပြောပေမဲ့လည်း ပါလ်မာဘက်က မိမိဘာကိုဆိုလိုတယ်ဆိုတာ နားလည်ကြောင်း အစ်စတေဘောင်က ပြောသွားပါတယ်။
ဘရာဇီးလက်ရွေးစင်ဖြစ်လာတဲ့ အစ်စတေဘောင်ဟာ ကိုရီးယားနဲ့ခြေစမ်းပွဲမှာ ၂ ဂိုးသွင်းခဲ့သလို လီဗာပူးကို အနိုင်ရတဲ့ပွဲမှာလည်း ပွဲပြီးခါနီးမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။
Photo: Reuters











