DVB Logo
Home
အားကစား
စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၇ ခုနှစ်တွင် မန်စီးတီးမှ ဂွါဒီယိုလာ ထွက်ခွါမည်
DVB
·
October 10, 2025
စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၇ ခုနှစ်တွင် မန်စီးတီးမှ ဂွါဒီယိုလာ ထွက်ခွါမည်
Donate to DVB

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၇ ခုနှစ်မှာ အသင်းကနေ ထွက်ခွါမှာဖြစ်ကြောင်း အနီးကပ်လူယုံ ကာလက်စ်ပလန်ချက်က ပြောပါတယ်။

ပလန်ချက်ဟာ နည်းပြဂွါဒီယိုလာနဲ့အတူ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတွေမှာ စွမ်းဆောင်ရည်ပိုင်းအပေါ် သုံးသပ်ပေးသူအဖြစ် ၁၈ နှစ်ကြာ အနီးကပ် တာဝန်ထမ်းဆောင်ခဲ့ပြီး မနှစ်ကရာသီက အသင်းကနေ ထွက်ခွါလာခဲ့သူပါ။

မန်စီးတီးရဲ့ စီမံကိန်းအသစ်က ၅ နှစ်ကနေ ၆ နှစ်အထိ ကြာမြင့်မှာဖြစ်တဲ့အတွက် နည်းပြဂွါဒီယိုလာဟာ အဲဒီလောက်အထိ ဆက်ရှိနေမှာမဟုတ်ဘဲ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၇ ခုနှစ်မှာ အသင်းကနေ ထွက်ခွါပြီး ခေတ္တအနားယူသွားမှာဖြစ်ကြောင်း ပလန်ချက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013