
ယူကေနိုင်ငံ အခြေစိုက်တဲ့ Royal Mail စာတိုက်ဝန်ဆောင်မှုဌာနဟာ မိုနိုပိုလီကမ္ဘာကျော် ဂိမ်း နှစ် ၅၀ ပြည့် ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၉ ရက်မှာ မိုနိုပိုလီ ပုံစံတံဆိပ်ခေါင်း ၁၀ ခုကို ထုတ်ဝေလိုက်ပါတယ်။
အောက်စ်ဖို့ဒ်လမ်း၊ လီဗာပူးလမ်း ဘူတာရုံနဲ့ အိုးလ်ဒ်ကန့်ထ် လမ်းမကြီးတို့လို ဂိမ်းထဲမှ ထင်ရှားတဲ့ ယူကေရဲ့ တည်နေရာတွေနဲ့အတူ "Free Parking" ( အခမဲ့ကားရပ်ခွင့်) , "Chance" (အခွင့်အလမ်း) စသဖြင့် ကစားနည်းထဲမှ အမှတ်ရစရာ အခိုက်အတန့်တွေကို တံဆိပ်ခေါင်းတွေမှာ ပြန်ဖော်ပြ ပေးထားပါတယ်။
Royal Mail စာတိုက်ဌာနဟာ Royal Mail စာတိုက်ပုံး ပုံသဏ္ဍာန်ထဲမှာ ကောက်ယူစုဆောင်းနိုင်တဲ့ မိုနိုပိုလီ ကစားကွက် အပိုင်းအစကိုလည်း ထုတ်ဝေခဲ့ပါတယ်။ အဲဒီတိုကင်တွေထဲမှ အခုရေ ၅,၀၀၀ ကိုသာ လည်ပတ်ဖို့ အကန့်အသတ်နဲ့ ဖန်တီးထားပါတယ်။
၁၉၀၀ ပြည့်လွန်နှစ်တွေ အစောပိုင်းလောက်မှာ အမေရိကန်နိုင်ငံကနေ မူကွဲအများအပြားကနေ ခြေရာခံလာတဲ့ မိုနိုပိုလီကစားနည်းကို ၁၉၃၅ ခုနှစ်မှာ ပါကာဘရားသားစ်ကုမ္ပဏီက လိုင်စင် ရရှိခဲ့ပြီး စျေးကွက်ချဲ့ထွင်ခဲ့ပါတယ်။
လိဒ်အခြေစိုက် ဂျွန်ဝက်ဒင်ဟမ်လိမိတက်က ဥရောပလိုင်စင်ကို ယူလိုက်တဲ့အခါမှာ အဲဒီဂိမ်းက ယူကေကို ရောက်ရှိသွားခဲ့တာပါ။
အဲဒီအချိန်ကတည်းက ယူကေဗားရှင်းကို ပိုသိရှိမှတ်မိလာကြပြီး ကစားဘုတ်ပြားပေါ်မှာလည်း လူသိများတဲ့ လန်ဒန်လမ်းမတွေနဲ့ အထင်ကရနေရာတွေ ပါဝင်လာခဲ့ပါတယ်။ ဒီနှစ်အထိ မိုနိုပိုလီ ကစားနည်းကို ဘာသာစကား ၄၀ ကျော်နဲ့ ဘာသာပြန်ဆိုထားပါတယ်။
Source:Reuters











