DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် နိုင်ငံဆူပူအောင်လှုံ့ဆော်မှုစွဲချက်ဖြင့် အရပ်သား ၂၁ ဦးကို ဖမ်းဆီး
DVB
·
October 10, 2025
ဧရာဝတီတိုင်းတွင် နိုင်ငံဆူပူအောင်လှုံ့ဆော်မှုစွဲချက်ဖြင့် အရပ်သား ၂၁ ဦးကို ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ တလအတွင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်တဲ့ စာတွေရေးသားဖြန့်ဝေတာကြောင့်ဆိုပြီး အရပ်သား ၂၁ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်တဲ့ စာတွေ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ရေးသားဖြန့်ဝေတင်ခဲ့တာကြောင့်လို့ စွပ်စွဲပြီး အမျိုးသမီးတွေအပါအဝင် အရပ်သား ၂၁ ယောက်ကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

တိုင်း ရဲတပ်ဖွဲ့နီးစပ်သူတယာက်က “စစ်တပ်နဲ့ရဲဘက်ကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတော်မှာ ဆူပူဖြစ်စေတဲ့ စာတွေကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် ဖြန့်ဝေတာကြောင့်ဆိုပြီးဖမ်းခဲ့တာ။ အဖမ်းခံရတဲ့သူတွေရဲ့ဖုန်းတွေပါ အသိမ်းခံထားရတယ်လို့သိရပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ တလအတွင်း နိုင်ငံတော်ဆူပူအောင် လုပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ဖြစ်ပြီး အွန်လိုင်းဈေးရောင်းသူတွေနဲ့ တောင်သူလယ်သမားသားသမီးတွေ အများဆုံးဖမ်းခံထားရတယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က “အဖမ်းခံရသူတွေက လူငယ်တွေချည်းပဲလို့ သိရတယ်။ အစ်မတို့ ပုသိမ်ကမ်းနားလမ်းထဲက ၂ ယောက်တောင် အဖမ်းခံရတာ။ စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက အဖမ်းခံရတာ။ ဖုန်းတွေလည်း အသိမ်းခံထားရတယ်။ ဒီနေ့အထိ အဆက်သွယ်မရသေးဘူး။ ဥပဒေနဲ့ အညီ ခုခံချေးပခွင့်ရဖို့ပဲ မျှော်လင့်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ ပုသိမ်၊ ကျောင်းကုန်၊ မအူပင်၊ ဟင်္သာတ၊ ကြံခင်း၊ ဇလွန်၊ ရေကြည် စတဲ့ မြို့နယ်တွေထဲကနေ တလတွင်း နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်တဲ့စာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားဖြန့်ဝေတယ်လို့ဆိုပြီး အများဆုံး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်က ဥပဒေနဲ့အညီလို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၅၀၅ (က)၊ ၅၀၅(ခ) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားသူတွေလည်း ရှိသလို လက်ရှိအချိန်အထိ အမှုဖွင်မခံရသေးတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013