DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားအချုပ်အခြာ ကာကွယ်မည် ဆိုသည့် တရုတ်သံအမတ် မှတ်ချက် ထိုင်းနိုင်ငံသားများ ဝေဖန်
DVB
·
October 9, 2025
ကမ္ဘောဒီးယားအချုပ်အခြာ ကာကွယ်မည် ဆိုသည့် တရုတ်သံအမတ် မှတ်ချက် ထိုင်းနိုင်ငံသားများ ဝေဖန်
Donate to DVB

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက ပို့စ်တခုကြောင့် ထိုင်းနိုင်ငံသားတွေကြားမှာ ဝေဖန်မှုတွေ ပြင်းထန်စွာ ထွက်ပေါ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝင်ဘင်က “ကမ္ဘောဒီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးကို ကာကွယ်ရာမှာ တရုတ်နိုင်ငံက ခိုင်ခိုင်မာမာ ပံ့ပိုးသွားမယ်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အောက်တိုဘာ ၈ ရက်က ရေးသားခဲ့တာ ဖြစ်ပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုတွေ ရှိနေချိန်မှာ အခုလို “အချုပ်အခြာအာဏာကို ကာကွယ်မယ်” ဆိုတဲ့ စကားရပ်ကို သုံးနှုန်းခဲ့တာကြောင့် ထိုင်းနိုင်ငံသားတွေက အခုလို စိုးရိမ် တုံ့ပြန်ခဲ့ကြတာပါ။

ထိုင်းလူမှုကွန်ရက် အသုံးပြုသူ အများအပြားက သံအမတ်ကြီးရဲ့ ပေ့ခ်ျမှာ ဝင်ရောက်ပြီး နယ်စပ်အရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို မေးခွန်းထုတ်ခဲ့ကြသလို ကမ္ဘောဒီးယားကို တရုတ်က လက်နက်ထောက်ပံ့နေသလားလို့ သရော်မေးမြန်းမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

တချို့ကတော့ ကမ္ဘောဒီးယားဟာ Call-center ငွေလိမ်ဂိုဏ်းတွေရဲ့ ခိုလှုံရာဖြစ်နေတယ်လို့ ဝေဖန်ခဲ့ကြပြီး တရုတ်နိုင်ငံအနေနဲ့ ပိုပြီး မျှတတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးဖို့ တိုက်တွန်းခဲ့ကြပါတယ်။

တဖက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံသားတွေက တရုတ်သံအမတ်ရဲ့ ရေးသားမှုကို ကြိုဆိုခဲ့ကြပြီး “ကျူးကျော်သူ” တွေကို ဆန့်ကျင်ရာမှာ တရုတ်နိုင်ငံက ပိုမိုထောက်ပံ့ပေးဖို့ မျှော်လင့်ကြောင်း တုံ့ပြန်ရေးသားခဲ့ကြပါတယ်။

အောက်တိုဘာ ၉ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်မှာ သံအမတ်ရဲ့ပို့စ်ကို Like, Haha, Love စသဖြင့် တုံ့ပြန်သူ ၆,၀၀၀ ကျော်၊ မှတ်ချက် ၁,၆၀၀ ကျော်နဲ့ မျှဝေသူ ၁,၂၀၀ ကျော် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013