DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ဆိုင်းဘုတ် စိုက်ထူခွင့်မပြု
DVB
·
December 4, 2014
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ဆိုင်းဘုတ် စိုက်ထူခွင့်မပြု
Donate to DVB

ဒီဇင်ဘာ ၂၇ ရက်မှာ ပြုလုပ်မယ့် ရန်ကုန်မြို့​တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်​လောင်း​တွေရဲ့ ​ကြော်ငြာဆိုင်းဘုတ်​တွေကို စိုက်ထူခွင့်ပြုမှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့​တော်ဝန်က ​ပြောကြားလိုက်ပါတယ်။

[caption id="attachment_72808" align="alignleft" width="443"]ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်[/caption]

သာ​ကေတမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်က တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦး​ဇော်ဝင်းနိုင်​ မေးမြန်းတဲ့ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ အဆင့်ဆင့်​ ရွေး​ကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ​မေးမြန်းတဲ့ ​ကြယ်ပွင့်ပြ​မေးခွန်းကို မြို့​တော်ဝန်က ပြန်လည်​ဖြေကြားခဲ့တာပါ။

ရန်ကုန်မြို့​တော်ဝန် ဦးလှမြင့်က “ကော်မတီဝင်အဆင့်ဆင့်​ရွေးချယ်ခံမယ့် ကိုယ်စားလှယ်​လောင်း ၂၉၃ ဦး ရှိတဲ့အတွက် ကိုယ်စားလှယ်​လောင်းတဦးချင်းစီကို ​ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူခွင့်ပြုပါက ဆိုင်းဘုတ်တွေရှုပ်​ထွေးများပြားပြီး မြို့​တော်ရဲ့ အလှအပ ပတ်ဝန်းကျင်ကို အ​နှောက်အယှက်ဖြစ်နိုင်တဲ့အတွက် ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီမှ ခွင့်ပြုထားခြင်း မရှိပါဘူး” လို့ ပြောပါတယ်။

ဒါ​ပေမယ့် လက်ကမ်းစာ​စောင်​တွေဖြန့်​ဝေခွင့်နဲ့ အခြားမဲဆွယ်စည်းရုံးခြင်းလုပ်ငန်း​တွေကို ဥပ​ဒေနဲ့အညီ​ဆောင်ရွက်ခွင့်ပြုမှာဖြစ်သလို  မြို့​တော်​နေပြည်သူတွေ ​ရွေး​ကောက်ပွဲမှာ သိရှိပူး​ပေါင်းပါဝင်နိုင်​ရေးအတွက် ​ရွေး​ကောက်ပွဲ​ကော်မရှင်ရဲ့အစီအစဉ်နဲ့ ​ရွေး​ကောက်ပွဲနဲ့ ပတ်သတ်တဲ့ လှုံ့​ဆော်​ရေး​ကြော်ငြာဆိုင်းဘုတ်တွေကို ခရိုင်အလိုက် လူစည်ကားရာ​နေရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ဆိုင်းဘုတ်စုစု​ပေါင်း ၂၀ ​ကျော် စိုက်ထူ​ပေးဖို့ စီစဉ်​ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

မဲဆန္ဒရှင်​တွေ ဆန္ဒမဲလက်မှတ်ထုတ်ယူရာမှာ အခက်အခဲနဲ့ အချိန်ကြန့်ကြာမှု မရှိ​စေ​ရေးအတွက် မဲရုံတရုံကို မဲ​ပေးသူဦး​ရေ ၃၀၀ သတ်မှတ်ထားတယ်လို့လည်း မြို့​တော်ဝန်က ဆက်​ပြောပါတယ်။

ဒါ့အပြင် မဲရုံတရုံမှာ မဲရုံအဖွဲ့ဝင် ၁၆ ဦးရှိမှာဖြစ်ပြီး ကိုယ်စားလှယ် သုံးမျိုးရှိတဲ့ မြို့နယ်တွေမှာ ဆန္ဒမဲလက်မှတ်ထုတ်​ပေးသူ ၃ ဦးစီ ထားရှိ​ပေးသွားမယ်လို့ ဆိုပါတယ်။

နည်းဥပ​ဒေ ၄၁ အရ မဲရုံမှူးကို ဆန္ဒမဲ​ပေးဖို့ သတ်မှတ်ထားတဲ့အချိန်​စေ့တဲ့အခါ မဲရုံပိတ်ရမှာဖြစ်​ပေမယ့် မဲရုံမပိတ်မီ မဲရုံပရဝုဏ်အတွင်း ဆန္ဒမဲ​ပေးဖို့​ ရောက်ရှိ​နေတဲ့ ဆန္ဒမဲမ​ပေးရ​သေးသူတွေရှိပါက စာရင်း​ကောက်ယူပြီး အဲဒီလူတွေကို ဆန္ဒမဲ​ပေးချိန်​ကျော်လွန်ပြီးဖြစ်​စေကာမူ ဆန္ဒမဲ​ပေးခွင့်ပြုရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် ည​နေ ၄ နာရီ မတိုင်ခင် မဲရုံပရဝုဏ်အတွင်း​ ရောက်ရှိ​နေသူတွေကို  ဆန္ဒမဲ​ပေးခွင့်ပြုသွားမှာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးနိုင်ခွင့်ရှိသူ ၄ သိန်း နီးပါးလောက် ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အခုလို မဲပေးတင်မြှောက်နိုင်တဲ့ ရွေးကောက်ပွဲမျိုးကို ၁၉၄၉ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး မပြုလုပ်နိုင်ခဲ့တာဟာ ဆယ်စုနှစ်ပေါင်း ခြောက်စုကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013