DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု စွဲချက်ပေါင်း ၇ ခုဖြင့် တရားရုံးတင်
DVB
·
December 4, 2014
လိပ်ကျွန်းလူသတ်မှု စွဲချက်ပေါင်း ၇ ခုဖြင့် တရားရုံးတင်
1 / 2
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ တရားခံ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ ၂ ဦးကို  ကော်စမွီခရိုင် အစိုးရရှေ့နေကောင်စီဘက်က တရားလိုပြုကာ အမှုပေါင်း ၇ မှုနဲ့ တရားရုံးတင်လိုက်ပါတယ်။

[caption id="attachment_72805" align="alignleft" width="433"]ဓာတ်ပုံ - မင်းဦး ဓာတ်ပုံ - မင်းဦး[/caption]

မြန်မာလူငယ် ၂ ဦးဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတဦးဖြစ်တဲ့ ခွန်အမ်းဖွန်း ဆုန်ထောင်းန်က “အစကသိထားတာက ၅ မှုပေါ့နော်။ ဒီနေ့မှာတော့ စွဲချက်စုစုပေါင်း ၇ မှုရှိတယ်လို့ ခရိုင်တရားသူကြီးက ပြောပါတယ်ရှင့်။ ထိုင်းနိုင်ငံထဲကို တရားမ၀င် ခိုးဝင်မှု၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲဝင်ရောက်နေထိုင်မှု၊ ပူးပေါင်းပြီး ဒေးဗစ်ကို သတ်တဲ့အမှု၊ ပူးပေါင်းပြီး ဟဲန်နာကို မုဒိမ်းကျင့်မှု၊ အမှုမှန်ကို ဖျောက်ဖျက်ဖို့အတွက် ဟဲန်နာကိုသတ်တာက တမှု၊ ဒေးဗစ်ရဲ့ တယ်လီဖုံးကို ခိုးတာက တမှု၊ လုယက်မှုက တမှုပါ ပါတယ်” လို့ ပြောပါတယ်။

အမှုတွဲမှာလည်း နဂိုက စာမျက်နှာပေါင်း ၈၀၀ ကျော်ပဲ သိရပေမယ့် ဒီကနေ့မှာတော့ စုစုပေါင်း ၉၀၀ ကျော်ရှိပြီး အမှုကို လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ကော်စမွီခရိုင်တရားရုံးမှာ စတင်စစ်ဆေးမယ်လို့ ဆိုပါတယ်။

တရားခံတွေဘက်ကနေ ချေပပေးနိုင်ဖို့ ဒီအမှုတွဲကို အရင်လေ့လာဖတ်ရှုရမှာမို့ ကော်ပီကူးခွင့် တောင်းခံခဲ့ပေမယ့် အားလုံးမရသေးပဲ အစိတ်အပိုင်းတချို့သာ ရရှိခဲ့ပါတယ်။

သူတို့ ရှေ့နေအဖွဲ့ကတော့ တရားခံတွေ ဘက်ကနေ အတတ်နိုင်ဆုံး ချေပပြောဆိုပေးသွားမှာဖြစ်ပြီး၊ အစောပိုင်းကတည်းကလည်း ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားခံ လူငယ် ၂ ဦးအနေနဲ့  ပြင်ပကနေ အမှုရင်ဆိုင်နိုင်ဖို့ အာမခံလျှောက်ထားရေး မြန်မာသံရုံးနဲ့ တိုင်ပင်နေတယ်လို့  ထိုင်းရှေ့နေက ပြောသွားပါတယ်။

ဗြိတိန်နိုင်ငံသား ဒေးဗစ် မဲန်လာ ၂၄ နှစ်နဲ့ ဟဲန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအမှုမှာ မြန်မာအလုပ်သမားလူငယ် ၂ ဦးကို ထိုင်းရဲက တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခဲ့ပေမယ့် လူမှုကွန်ရက်အများစုက မယုံကြည်ကြသလို အမှုတွဲ ခိုင်လုံအောင် ၂ လ နီးပါး ပြန်လည် ဖြည့်စွက်ခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013