DVB Logo
Home
နိုင်ငံတကာ
ကင်မ်ဂျုံအန်း အပေါ် သစ္စာစောင့်သိကြောင်း ပေးစာများ လက်ဆင့်ကမ်းသယ်ဆောင်
DVB
·
October 9, 2025
ကင်မ်ဂျုံအန်း အပေါ် သစ္စာစောင့်သိကြောင်း ပေးစာများ လက်ဆင့်ကမ်းသယ်ဆောင်
Donate to DVB

မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းအပေါ် သစ္စာစောင့်သိကြောင်း ပေးစာတွေကို သယ်ဆောင်လာတဲ့ လက်ဆင့်ကမ်း အပြေးသမားတွေ စက်တင်ဘာ ၇ ရက်မှာ ပြုံယမ်းမြို့တော်ကို ရောက်ရှိလာကြပါတယ်။

၁၀ ရက်နေ့မှာ ကျရောက်တဲ့ မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ (WPK) ထူထောင်မှု အနှစ် ၈၀ ပြည့် အခမ်းအနား အကြိုအနေနဲ့ ဒီလို ပေးစာလက်ဆင့်ကမ်းသယ်ဆောင်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ KCNA သတင်းအေဂျင်စီက ထုတ်ပြန်တဲ့ ဗီဒီယိုတခုထဲမှာတော့ အပြေးသမားတွေဟာ ပေးစာတွေပါတဲ့ အနီရောင်သေတ္တာတွေကို အရာရှိတွေကို ပေးအပ်နေတာ တွေ့ရပါတယ်။

ဒီပေးစာတွေကို ဒေသအသီးသီးက ပြည်သူတွေနဲ့ အလုပ်သမားတွေက ရေးသားခဲ့တာဖြစ်ပြီး ပေးစာတွေထဲမှာ ကင်မ်ဂျုံအန်းအပေါ် သစ္စာစောင့်သိကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။

ဒီလက်ဆင့်ကမ်းအဖွဲ့တွေဟာ ပက်တူတောင်ကနေ စက်တင်ဘာ ၁၂ ရက်နေ့ကတည်းက မြို့တော်ဆီကို ခရီးနှင်ခဲ့ကြတာပါ။

ပါတီနှစ်ပတ်လည် အခမ်းအနားကို တခြား ကွန်မြူနစ်နိုင်ငံ အကြီးအကဲတွေဖြစ်တဲ့ လာအိုသမ္မတ သောင်လွန်း စီဆိုလစ်နဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီးအကဲ တိုလမ်တို့ အပါအဝင် နိုင်ငံခြားခေါင်းဆောင်တွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013