DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကလေးအပါအဝင် ဒေသခံ ၁၀ ဦး သေဆုံး
DVB
·
October 8, 2025
ကျောက်မဲတွင် စစ်တပ် ဗုံးကြဲမှုကြောင့် ကလေးအပါအဝင် ဒေသခံ ၁၀ ဦး သေဆုံး
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မန်စင် (ခ)ပဇီကျေးရွာအုပ်စု၊ မိုက်ဟုန်းရွာကို အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တယောက် အပါအဝင် ဒေသခံ ပြည်သူ ၁၀  ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေယာဉ်ဗုံးကြောင့် ၂ နှစ်အရွယ် ကလေးငယ်နဲ့ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၅ ယောက် စုစုပေါင်း ၁၀ ယောက်ထိမှန် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံက ပြောပါတယ်။

“ကျောက်မဲ မိုင်းလုံအနီး ပဇီ မရောက်ခင် မိုက်ဟုန်းရွာမှာ အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ ကလေး အပါအဝင် ၁၀ ယောက် သေဆုံးတယ်။”

မိုက်ဟုန်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအ၀င် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ထိမှန်ဒဏ်ရာရခဲ့ကာ နေအိမ် ၆ လုံးလည်း ထိမှန် ပျက်စီးသွားခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။

အောက်တိုဘာ ၇ ရက် တရက်တည်းမှာ မနက်ပိုင်းမှာလည်း ကျောက်မဲခရိုင်၊ နမ္မတူမြို့၊ ရပ်ကွက် ၈ ရှိ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး တလုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့လို့  ၂ ထပ်ဆောင် ထိမှန် ပျက်စီးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013