DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းများအတွက် အများပြည်သူသွားနေရာများတွင် သွားနိုင်ရန်လုပ်ဆောင်မှု အားနည်း
DVB
·
December 4, 2014
မသန်စွမ်းများအတွက် အများပြည်သူသွားနေရာများတွင် သွားနိုင်ရန်လုပ်ဆောင်မှု အားနည်း
Donate to DVB

မသန်စွမ်းသူတွေဟာ အများပြည်သူ သွားလာတဲ့နေရာမှာ အလွယ်တကူ သွားနိုင်ဖို့ အတားအဆီးကင်းတဲ့ အနေအထားတွေ လုပ်ဆောင်ပေးမှုတွေ အားနည်းနေတာကြောင့် ၀င်ဆံ့ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

[caption id="attachment_72672" align="alignleft" width="400"]ဒီဇင်ဘာ ၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် မြင်တွေ့ရသည့် ကလေးငယ်များ ဒီဇင်ဘာ ၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် မြင်တွေ့ရသည့် ကလေးငယ်များ[/caption]

မသန်စွမ်းကလေးမိဘတဦးဖြစ်တဲ့ အဆိုတော် ဦးဂျေညီညီက “နံပါတ် ၁ အခြေခံ အဆောက်အဦတွေ လိုတယ်။ အတားအဆီးကင်းတဲ့ အနေအထားတွေ ဖြစ်ဖို့ ကိစ္စ နောက်ပြီးတော့ အမြင်အာရုံ ချို့ယွင်းတဲ့သူတွေ သွားဖို့ လက်တန်းတွေ။ နောက်ပြီးတော့ ကိုယ်ခန္ဓာ မသန်စွမ်းတဲ့သူတွေ သွားဖို့ အိမ်သာ အဲဒါမျိုးတွေက ကျောင်းတွေမှာ မပြောနဲ့ မြန်မာပြည်က အပြည်ပြည်ဆိုင်ရာ အဆင့်မြင့်လေဆိပ်မှာတောင်မှ အဲလိုမျိုးလူတွေ သွားဖို့ အိမ်သာ မရှိဘူး။ အဲဒီတော့ ကျောင်းတွေမှာ ဆိုရင်တော့ ဝေလာဝေးပဲ”လို့ ပြောပါတယ်။

လူမှုဖူလုံရေးဌာန တိုင်းဦးစီးဌာနမှူး ဦးကျော်ဝင်းက “မသန်စွမ်း၊ မသန်တာဆိုတာက မွေးရာပါပဲ။ အဲဒါရှိမှာပဲ မစွမ်းဆိုတဲ့ကိစ္စကတော့ သူတို့နဲ့ မဆိုင်တော့ဘူး ပတ်ဝန်းကျင်နဲ့ ဆိုင်သွားပြီး မစွမ်းဆောင်နိုင်တာ ဒီပတ်ဝန်းကျင်ကြောင့်။ မစွမ်းဆောင်နိုင်တာကို စွမ်းဆောင်နိုင်အောင် လုပ်ဖို့ ဆိုတာက အကုန်လုံးမှာ တာဝန်ရှိတယ်လေ။ ပတ်ဝန်းကျင်က သူတို့ကို စွမ်းဆောင်နိုင်အောင် လုပ်ပေးရမယ်။ တနည်းအားဖြင့် အတားအဆီးကင်းတဲ့ အနေအထားတွေ လုပ်ပေးရမယ်။ အဲဒီမှာ အဓိက ကြုံရတာကတော့ ငွေရေးကြေးရေးပေါ့။ အားလုံး အတားအဆီးကင်းတဲ့ အနေအထား လုပ်ရမယ်ဆိုရင် ရှိနှင့်ပြီးသား အဆောက်အဦတွေမှာ ၀ှီးချဲ့လမ်းတွေ လုပ်ရမယ်။ မျက်မမြင် လျှောက်လို့ ရတဲ့နေရာတွေ လုပ်ရမယ်ဆိုတော့ ရှင်းရှင်းပြောရရင် ဘတ်ဂျက်က လိုလာပြီ တဖြည်းဖြည်းနဲ့ တော့လုပ်နေပြီ ဒါပေမယ့် ဘတ်ဂျက်အနေအထားက တတိုင်းတနိုင်ငံလုံးအတွက် ကာဗာ မဖြစ်သေးဘူးပေါ့”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေအပေါ် ခွဲခြားဆက်ဆံတာတွေဟာ အရင်အတိုင်းပဲ ရှိနေဆဲပဲလို့ မသန်စွမ်းသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

မသန်စွမ်းကလေးမိဘတဦးဖြစ်တဲ့ အဆိုတော် ဦးဂျေညီညီက “ဒီလို အခမ်းအနားတွေက အင်တာဗျူးတွေမှာသာ လူသားအချင်းချင်း ဖေးမပါ။ ကူညီကြပါ။ အဲလိုတွေ ပြောနေကြတာ။ တကယ် လက်တွေ့ဘ၀မှာတော့ လက်တွေ့ကျကျ သိပ်ပြီး မပြောင်းလဲကြသေးပါဘူး အခုခေတ်မှာ ပရဟိတဆိုတဲ့စကားလုံးက အရမ်း ခေတ်စားလာတော့ ပရဟိတ လုပ်ရင် ပေါ်ပြူလာဖြစ်မယ် ထင်ပြီးတော့ လုပ်နေကြလို့လားတော့ မသိဘူးဗျ။ အဲဒီကိစ္စက အရင်ထက်စာရင်တော့ ရှေ့တန်းကို ရောက်လာတယ်။ ဒါပေမယ့် လက်တွေ့ကျကျ ကျနော်တော့ သိပ်မတွေ့မိသေးပါဘူး”လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ်ကာယပြန်လည်သန်စွမ်းဖို့အတွက် အကူအညီ လိုအပ်နေသူပေါင်း ၃ သိန်းခန့်ရှိပြီး  မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ ၁၃ သိန်းခန့် ရှိတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့မသန်စွမ်းဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှိပြီး မသန်စွမ်းသူတွေနဲ့ သူတို့မိသားစုတွေဟာ ဆင်းရဲနွမ်းပါးသူများထဲမှာ အများဆုံး ပါဝင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013