DVB Logo
Home
နိုင်ငံတကာ
အမေရိကန်အစိုးရလုပ်ငန်းများ ဆက်လက်ရပ်ဆိုင်းနေဆဲ
DVB
·
October 7, 2025
အမေရိကန်အစိုးရလုပ်ငန်းများ ဆက်လက်ရပ်ဆိုင်းနေဆဲ
Donate to DVB

အမေရိကန် အထက်လွှတ်တော်မှာ အောက်တိုဘာ ၆ ရက်က ညနေပိုင်းမဲခွဲမှုအတွင်း ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ပါတီ ၂ ခုလုံးက အမေရိကန်အစိုးရ လုပ်ငန်းရပ်ဆိုင်းမှုကို အဆုံးသတ်ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါဘူး။

ရီပတ်ဘလစ်ကန် ဥပဒေမူကြမ်းမှာ ထောက်ခံမဲ ၅၂ မဲနဲ့ ကန့်ကွက်မဲ ၄၂ မဲ ရှိပါတယ်။ အရင်က ဒီမိုကရက်တစ် ဦးဆောင်တဲ့ ဥပဒေကြမ်းမှာ ထောက်ခံမဲ ၄၅ မဲနဲ့ ဆန့်ကျင်မဲ ၅၀ ရှိခဲ့တာပါ။ ဒီအဆို အတည်ပြုနိုင်ဖို့ အထက်လွှတ်တော်မှာ ထောက်ခံမဲ ၅ ပုံ ၃ ပုံ လိုအပ်ပါတယ်။

တနင်္လာနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အစိုးရပြန်လည်ပတ်ရေး ကြိုးပမ်းရာမှာ အဓိက အတားအဆီတခု ဖြစ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒကို ဒီမိုကရက်တွေနဲ့ လက်တွဲလုပ်ဆောင်ရတဲ့အတွက် စိတ်ချမ်းသာကြောင်း၊ ဒါပေမဲ့ ပိတ်နေတာကို အရင် အဆုံးသတ်ရမယ်လို့ ပြောပါတယ်။

ထရမ့်ပ်က “ဒီမိုကရက်တွေဟာ နိုင်ငံမှာ ရှိခဲ့ဖူးတဲ့ စံချိန်တင် စတော့ဈေးကွက် (RSM) အပါအဝင် အအောင်မြင်ဆုံး စီးပွားရေးနိုင်ငံတွေကြားထဲမှာ အမေရိကန် အစိုးရကို ပိတ်ပစ်လိုက်ပါပြီ။ အဲဒါကြောင့် အစီအစဉ်တွေ၊ ဝန်ဆောင်မှုတွေနဲ့ အမေရိကန်တွေ မှီခိုအားထားပြုနေကြတဲ့ လူမှုအဖွဲ့အစည်းရဲ့ တခြားအစိတ်အပိုင်းများစွာ ထိခိုက်ခဲ့ရပါပြီ။ ဒါ မဖြစ်သင့်ပါဘူး။ ဒီမိုကရက်တွေရဲ့ မအောင်မြင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေါ်လစီတွေ ဒါမှမဟုတ် တခြားအရာတွေအတွက်မှာ သူတို့နဲ့ အလုပ်လုပ်ရတာ ပျော်ပါတယ်။ ဒါပေမဲ့ အရင်ဆုံးတော့ အစိုးရကို ပြန်ဖွင့်ခွင့်ပေးရပါမယ်။ အမှန်ဆိုရင် ဒီညတော့ ငါတို့အစိုးရ ပြန်ဖွင့်သင့်နေပါပြီ” လို့လည်း သူ့ရဲ့ ထရုသ်ဆိုရှယ် ပလက်ဖောင်းမှာ  ရေးသားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013