DVB Logo
Home
အားကစား
လီဗာပူး ရှုံးပွဲကြောင့် အာဆင်နယ်အသင်း အဆင့် ၁ နေရာ တက်လှမ်း
DVB
·
October 5, 2025
လီဗာပူး ရှုံးပွဲကြောင့် အာဆင်နယ်အသင်း အဆင့် ၁ နေရာ တက်လှမ်း
Donate to DVB

စက်တင်ဘာ ၄ ရက်  မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လီဗာပူးအသင်း ရှုံးပွဲထပ်တွေ့ခဲ့တာကြောင့် အာဆင်နယ်အသင်းက အဆင့် ၁ နေရာ တက်လှမ်းလာပါတယ်။

လက်ရှိ ချန်ပီယံအသင်းဟာ ပြီးခဲ့တဲ့တပတ်က ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို အခုတပတ် ပွဲစဉ်မှာလည်း ချဲလ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ပဲ ရှုံးနိမ့်ခဲ့တာပါ။

အာဆင်နယ်က အစောပိုင်းကစားခဲ့တဲ့ ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၂ ဂိုးဂိုး မရှိနဲ့ အနိုင်ရခဲ့ပြီး ၇ ပွဲကစား ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်နဲ့ ရမှတ် ၁၆ မှတ်ရရှိကာ အဆင့်တစ်နေရာတက်လှမ်းလာခဲ့တာပါ။

တခြားပွဲစဉ်တွေမှာတော့ မန်ယူနိုက်တက်က ဆန်းဒါးလန်းကို ၂ ဂိုးဂိုးမရှိရလဒ်နဲ့ နိုင်ပွဲ ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး စပါးသင်းကလည်း လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ အဆင့် ၃ နေရာအထိ တက်လှမ်းလာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013