
ဘရာဇီးတိုက်စစ်ကစားသမား ဆာဗင်ညိုဟာ မန်စီးတီးနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးလိုက်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းရဲ့ တရားဝင်ကမ်းလှမ်းမှု လက်ခံရရှိခဲ့ပေမဲ့ အသင်း မပြောင်းဖြစ်ခဲ့တဲ့ ဆာဗင်ညိုဟာ အခုနှစ်ရာသီမှာတော့ မန်စီးတီးနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုလိုက်တာ ပါ။
၂၀၂၄ ခုနှစ်က ပြင်သစ်ကလပ် ထရိုင်းရက်စ်ကနေ ပေါင်သန်း ၃၀ ကျော်နဲ့ ပြောင်းရွှေ့လာတဲ့ ဆာဗင် ညိုဟာ မန်စီးတီးနဲ့ ၅၄ ပွဲမှာ ၄ ဂိုးသွင်းပြီး ၁၂ ကြိမ် ဂိုးဖန်တီးခဲ့ပါတယ်။
အသင်းနဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုခွင့်ရလို ဂုဏ်ယူကျေနပ်မိပြီး နည်းပြပတ်နဲ့ အသင်းရဲ့ ယုံကြည်မှုကို ရရှိခဲ့တာက မိမိနဲ့ မိသားစုအတွက် အဓိပ္ပာယ်အများကြီးရှိကြောင်း စာချုပ်ချုပ်ဆိုအပြီးမှာ ဆာဗင်ညိုက ပြောပါတယ်။
မိမိကိုယ်ကိုယ် ခြေစွမ်းတိုးတက်လာတယ်လို ခံစားရပေမဲ့ အသက်ငယ်သေးတာကြောင့် သင်ယူလေ့လာစရာတွေလည်း ရှိနေဆဲဖြစ်ကြောင်း ဆာဗင်ညိုက ပြောသွားပါတယ်။
Photo:Reuters










