DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သီးနှံများကို တရုတ်က မဝယ်သည့်ကိစ္စဆွေးနွေးရန် ရှီကျင့်ဖျင်နှင့် ထပ်တွေ့မည်ဟု ထရမ့်ပ် ပြော
DVB
·
October 2, 2025
အမေရိကန်သီးနှံများကို တရုတ်က မဝယ်သည့်ကိစ္စဆွေးနွေးရန် ရှီကျင့်ဖျင်နှင့် ထပ်တွေ့မည်ဟု ထရမ့်ပ် ပြော
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ပဲပိစပ်ကိစ္စနဲ့ပတ်သက်လို့ အဓိက ဆွေးနွေးမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

“တရုတ်က ပဲပိစပ်တွေ မဝယ်လို့ ကျနော်တို့ရဲ့ လယ်သမားတွေ ထိခိုက်မှုတွေ ရှိပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးပဲ ဆွေးနွေးသွားမှာပါ” လို့ ဆိုရှယ်မီဒီယာ Truth မှာ ထရမ့်ပ်က ရေးသားထားပါတယ်။

တရုတ်သွင်းကုန်လုပ်ငန်းရှင်တွေဟာ စက်တင်ဘာကစပြီး အမေရိကန်သီးနှံတွေကို မဝယ်ယူခဲ့တာကြောင့် အခုလို ဆွေးနွေးမှု ပြုလုပ်မှာပါ။

အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားချိန်ကာလမှာ တရုတ်က အမေရိကန်ပဲတွေကို မဝယ်ယူတာကြောင့် အမေရိကန်လယ်သမားတွေဟာ ဒေါ်လာဘီလီယံချီပြီး ဆုံးရှုံးနေပါတယ်။

ဆောင်းဦးရာသီဟာ ပုံမှန်အားဖြင့် အမေရိကန် ပဲပိစပ်စိုက်သူတွေအတွက် သီးနှံထွက်တဲ့ရာသီဖြစ်လို့ ဝင်ငွေကောင်းတဲ့အချိန်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာ ကမ္ဘာ့ထိပ်တန်း ကောက်ပဲသီးနှံဝယ်ယူသူတွေဟာ အမေရိကန် ထွက်ကုန်တွေထက် ဘရာဇီးနိုင်ငံရဲ့ သီးနှံထွက်ချိန်ကို စောင့်ဆိုင်းနေကြပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဲပိစပ်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်က ဝယ်ယူတာထက် တောင်အမေရိကတိုက်က ကောက်ပဲသီးနှံတွေကို ဝယ်ယူဖို့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ထရမ့်ပ်နဲ့ ရှီတို့ဟာ TikTok နဲ့ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှုကနေ သဘောတူညီချက် ရခဲ့ပါတယ်။

မျက်နှာချင်းဆိုင်တွေ့ဆုံမှုအဖြစ် တောင်ကိုရီးယားနိုင်ငံမှာ တွေ့ဆုံဖွယ်ရှိပြီး ကုန်သွယ်ရေး၊ တရားမဝင် ဆေးဝါးတွေနဲ့ ရုရှား-ယူကရိန်း စစ်ပွဲတို့အကြောင်း ဆွေးနွေးဖွယ်ရှိပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013