DVB Logo
Home
မြန်မာသတင်း
အစိုးရဘတ်ဂျက်သဘောတူညီမှုမရသဖြင့် ဖေ့စ်ဘွတ်ခ်ပို့စ်အသစ် ထပ်မတင်ဟု အမေရိကန်သံရုံး ထုတ်ပြန်
DVB
·
October 1, 2025
အစိုးရဘတ်ဂျက်သဘောတူညီမှုမရသဖြင့် ဖေ့စ်ဘွတ်ခ်ပို့စ်အသစ် ထပ်မတင်ဟု အမေရိကန်သံရုံး ထုတ်ပြန်
Donate to DVB

အစိုးရဘတ်ဂျက် သဘောတူညီမှု မရရှိနိုင်တဲ့ကာလအတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ တရားဝင်သတင်းစာမျက်နှာ ဖေ့စ်ဘွတ်ခ်ပို့စ်အသစ်ထပ်တင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်။

ဘဏ္ဍာငွေလျာထားချက် အတည်ပြုချက် မရသေးတဲ့ ကြားကာလ (lapse in appropriations) မှာ ပုံမှန်အလုပ်တွေ အပြည့်အဝ မဆောင်ရွက်နိုင်သေးတဲ့အတွက် ဘေးအန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ် သတင်းအချက်အလက်တွေမှအပ သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ အကြောင်းအရာအသစ်တွေ ထပ်တင်မှာ မဟုတ်ဘူးလို့  ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အောက်တိုဘာ ၁ ရက် နေ့လယ်မှာ ကြေညာချက် ထုတ်ခဲ့တာပါ။

ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက် မရသေးတဲ့ ကြားကာလအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ ပြည်ပက အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးမှာ ရက်ချိန်းယူထားတဲ့ ပတ်စ်ပို့နဲ့ ဗီဇာ ဝန်ဆောင်မှုတွေတော့ ဆက်လက်ဆောက်ရွက်ပေးသွားမှာဖြစ်ပြီး သံရုံးဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အချက်အလက်တွေကို travel.state.gov မှာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ဖော်ပြထားပါတယ်။

အမေရိကန်အစိုးရအနေနဲ့ အစိုးရလည်ပတ်ရဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေဥပဒေကြမ်းကို လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်အမတ်တွေကြား အတည်မပြုနိုင်ခဲ့တဲ့အတွက် အောက်တိုဘာ ၁ ရက် မနက် ၁၂ နာရီကစပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်အစိုးရ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းထားတယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013