DVB Logo
Home
မြန်မာသတင်း
စစ်တပ် စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် ရေဦးနှင့် တန့်ဆည်က ဒေသခံများ စစ်ရှောင်နေရ
DVB
·
October 1, 2025
စစ်တပ် စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် ရေဦးနှင့် တန့်ဆည်က ဒေသခံများ စစ်ရှောင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်အစပ်ကို စစ်တပ်က စက်တင်ဘာ ၃၀ ရက်‌က စတင်ကာ အောက်တိုဘာ ၁ ရက်အထိ မြေပြင်စစ်ကြောင်း ၂‌ ကြောင်း ခွဲထိုးလာတာကြောင့် စစ်ကြောင်းဦးတည်ရာက ကျေးရွာတွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင်‌နေကြရသလို လေယာဉ်နဲ့ပါ စစ်တပ်က ဗုံးကြဲနေတယ်လို့ တန့်ဆည်ဒေသခံတွေဆီကနေ သိရပါတယ်။

တန့်ဆည်တောင်ခြမ်းနေ ပြည်သူတယောက်က “စစ်ကြောင်းက ကန့်ဘလူမြို့နယ် ကာဘိုးရွာကနေ တန့်ဆည်မြို့နယ် ရွှေလမ်းစုံ စကစ အထိုင် စပြီးထိုးလာတယ်။‌ ရွှေလမ်းစုံကို ရောက်တာက ၂ ရက် ၃ ရက်လောက်ရှိပြီ။ အဲဒီမှာ ယာယီစခန်းချပြီး စက်တင်ဘာ ၃၀ ရက်နေ့ မနက်ခင်းကစပြီး ကျနော်တို့ တန့်ဆည်နယ် တောင်ခြမ်းကို စတင်စစ်ကြောင်းစထိုးတာဗျ။‌ နောက်ထပ် တကြောင်းကလည်း စက်တင်ဘာ ၃၀ ရက်နေ့ကပဲ တန့်ဆည်မြို့အထိုင်စခန်းကနေ ကျနော်တို့ တန့်ဆည်နယ် တောင်ခြမ်းကို စစ်ကြောင်း ထိုးလာတယ်ဗျ။ ဒီစစ်‌ကြောင်းက ရွှေတကျေးရွာကနေ အောင်သာဘက်ကို အခုလက်ရှိ ထိုးနေတယ်ဗျ။ ကာဘိုးဘက်က ထွက်လာတဲ့ စစ်ကြောင်းကတော့ အောက်တိုဘာ ၁ ရက်နေ့ မနက်ခင်း ၆ နာရီအမှာ တနယ်ရွာကို မီးရှို့ဖျက်ဆီးပြီး အခုလက်ရှိ ခပေါင်းကြိုင်ရွာဘက်ကို ဦးတည် စစ်ကြောင်းထိုးနေတယ်ဗျ။ စစ်‌ကြောင်း ၂‌ ကြောင်းစလုံးက တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့နယ် အစပ်မှာရှိတဲ့ ရွာတွေဆီ စစ်ကြောင်းထိုးနေတာပါ။ အခုလို စစ်ကြောင်းထိုးလို့ မိုးရွာကြီးထဲ ရွာသူ၊ ရွာသား‌တွေ စစ်ဘေးရှောင်နေကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်မသွားသေးတာကြောင့် တနယ်ရွာကို မီးရှို့ဖျက်ဆီးသွားတဲ့ အပျက်အစီး စာရင်းကိုတော့ လတ်တလော အတည်ပြုလို့ မရနိုင်သေးပါဘူး။

တန့်ဆည်မြို့နယ်ပကဖ တာဝန်ရှိသူတယောက်က “မြေပြင်စစ်ကြောင်းက ရွာကို မီးရှို့သလို ဝေဟင်ကနေလည်း လေယာဉ်နဲ့ ဗုံးကြဲတာတွေ ပြုလုပ်တယ်ဗျ။‌ လေယာဉ်နဲ့ဗုံးကြဲတာက အောက်တိုဘာ ၁ ရက်နေ့ မနက်ခင်း ၁၀ နာရီ မိနစ် ၄၀ က ကြဲသွားတာ။ ဗုံး ၃ လုံး ကြဲသွားတာ။ လူထိခိုက်မှုတော့ မရှိလောက်ဘူး။ သူတို့ စစ်‌ကြောင်းသွားရာကို လမ်းရှင်းတဲ့သဘော ဖြစ်မယ်ဗျ။ စစ်‌ကြောင်း ၂ ကြောင်းခွဲပြီး အခုလို ဘာကြောင့်ထိုးလာတာလဲ ဆိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ကန့်ဘလူမြို့နယ် ဇီးကုန်း (--)စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာရယ်၊ ရေဦးမြို့နယ်ဘက်က ပအဖ ၂ ဦး အပါအဝင် အချုပ်သား ၇ ဦး ကာဘိုး စခ စခန်းဘက်ကို အမှောင်ဝင်သွားတာရယ်ကြောင့် အခုလို စစ်ကြောင်းထိုးလာတာ ဖြစ်မယ်။ ကျ‌နော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနေနဲ့ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးပါပြီ” လို့ ပြောပါတယ်။

မြေပြင် စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းရဲ့ ရန်ကြောင့် ရေဦးမြို့နယ် မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာများ၊ တန့်ဆည်မြို့နယ် တောင်ခြမ်းမှာရှိတဲ့ ကျေးရွာများ နေရပ်စွန့်ခွာနေကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013