DVB Logo
Home
မြန်မာသတင်း
ပတ္တယားတွင် မြန်မာလုပ်သားချင်း အုပ်စုဖွဲ့ရန်ဖြစ် ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရပြီး  ၄ ဦး အဖမ်းခံရ 
DVB
·
October 1, 2025
ပတ္တယားတွင် မြန်မာလုပ်သားချင်း အုပ်စုဖွဲ့ရန်ဖြစ် ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရပြီး  ၄ ဦး အဖမ်းခံရ 
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့ ပတ္တယားကမ်းခြေမှာ စက်တင်ဘာ ၃၀ ရက်  မနက်က မြန်မာရွှေ့ပြောင်းလုပ်သားအချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားပြီး ၂ ယောက်သေဆုံး ၁ ယောက် ဒဏ်ရာရသွားတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့ မနက် ၆ နာရီလောက်က ပတ္တယားတောင်ပိုင်း နောင်ပရီရပ်ကွက် ဆိုဖွန်းဈေးအနီးမှာ ခိုက်ရန်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း အကြောင်းကြားချက်ရတာကြောင့်  အရေးပေါ်လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့  ပတ္တယားနယ်မြေ ရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ လမ်းသွားလမ်းလာပြည်သူတွေက ထိခိုက်ဒဏ်ရာရသူတွေကို ဝိုင်းအုံကြည့်နေကြတယ်၊  ၂ ယောက်က ထိုးသွင်းရာတွေနဲ့ ပွဲချင်းပြီးသေဆုံးပြီး နောက်ထပ် တယောက်မှာလည်း နောက်ကျောဘက်မှာ ထိုးသွင်းဒဏ်ရာရထားတယ်၊ ကယ်ဆယ်ရေးအဖွဲ့က သေဆုံးဒဏ်ရာရသူတွေကို ပတ္တယားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်အရ သေဆုံးသူ ၂ ယောက်မှာ မြန်မာအလုပ်သမား  တေဇာနောင်နဲ့ ကရမ်ချီတို့ဖြစ်ပြီး တေဇာနောင်မှာ ရင်ဘတ်မှာ ဓားထိုးခံရဒဏ်ရာ၊ ကရမ်ချီမှာ နောက်ကျောနဲ့ ပခုံးက ထိခိုက်ဒဏ်ရာတွေနဲ့ အသီးသီး သေဆုံးကြတယ်၊ အသက် ၂၀ နှစ်ရွယ် ဆိုနာ ဆိုသူကတော့ ကျောကုန်းမှာ ဒဏ်ရာရတယ်။ အဲဒီအနီးတဝိုက်မှာလည်း အလျား ၂၀ စင်တီမီတာ ရှည် မီးဖိုချောင်သုံးဓားတချောင်း တွေ့ရှိတယ်လို့ ထိုင်းရဲက ပြောပါတယ်။ 

အနီးနားမျက်မြင်သက်သေတို့ ပြောပြချက်အရ  အဲဒီနေ့မနက်စောစောက သေဆုံးဒဏ်ရာ ရတဲ့ အဖွဲ့က ၃ ယောက် လှေဆိပ်အနီး တံတားဘက်ကနေ ပြေးလာတယ်၊ အနောက်မှာ ၇ ယောက် - ၈ ယောက်လောက်ရှိတဲ့ အဖွဲ့က လိုက်လာတယ်၊ အဲဒီနောက် ထိုးကြိတ်ကြပြီး သွေးထွက်သံယို ဖြစ်တော့ ရဲစခန်းကို ဖုန်းဆက်လိုက်တာလို့  ဆိုပါတယ်။

သေဆုံးဒဏ်ရာရသူ ၃ ယောက်ဟာ ဂေါ်ရခါးလူမျိုးတွေ ဖြစ်ပြီး ပတ္တယားကမ်းခြေ အိန္ဒိယစားသောက်ဆိုင်တဆိုင်မှာ စားပွဲထိုး အလုပ် လုပ်တယ်၊ သူတို့ဟာ ဓားထိုးမှု ကျူးလွန်တဲ့အဖွဲ့နဲ့ ဒီမတိုင်ခင်ရှေ့က ဘောလုံးပွဲတခုမှာ ပြဿနာဖြစ်ပြီး ရန်ငြိုးရန်စရှိခဲ့တယ်လို့ နောက်ထပ် မြန်မာအလုပ်သမားတယောက်ကလည်း  ပြောပါတယ်။ 

တာဝန်ရှိသူတွေက စီစီကင်မရာပါ အထောက်အထားတွေနဲ့ ပြစ်မှုကျူးလွန်သူတွေထဲက မြန်မာ ၄ ယောက်ကို ဖမ်းဆီးရမိထားတယ်။ သူတို့ကလည်း ဒီမတိုင်ခင်ရှေ့က မျက်နှာကိုအထိုးခံထားရ တာကြောင့် ကလဲ့စားပြန်ချေတဲ့အနေနဲ့ လုပ်ရတာဖြစ်ကြောင်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။ 

Source : Thairath News / CH8 TV News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013