DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မသန်စွမ်းကလေးများအတွက် ဘီးတပ် ကုလားထိုင် ၁၅၀ လှူ
DVB
·
December 3, 2014
ထိုင်း-မြန်မာနယ်စပ် မသန်စွမ်းကလေးများအတွက် ဘီးတပ် ကုလားထိုင် ၁၅၀ လှူ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ မသန်စွမ်းကလေးများအတွက် သြစတြေးလျနိုင်ငံ ပတ်သ့်မြို့ အခြေစိုက် “ကလေးများအတွက် ဘီးတပ်ကုလားထိုင်” အဖွဲ့က ဘီးတပ်ကုလားထိုင် ၁၅၀ လှူဒါန်းလိုက်ပါတယ်။

SAMSUNG CAMERA PICTURESထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းနဲ့ မိတ်ဖက်မြန်မာကလေးများ ဆေးဝါးကုသ စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (BCMF)အဖွဲ့ကို လှူဒါန်းခဲ့တာ ဖြစ်ပြီး ဒီဘီးတပ်ကုလားထိုင် အများစုကို မြန်မာက မသန်စွမ်းကလေးတွေနဲ့ ထိုင်းမြန်မာ နယ်စပ်က အုန်းဖျန်၊ ထဆောင်ရမ်း၊ မယ်လမတ်နဲ့ မဲဆောက်ဆေးရုံတွေကို ပေးသွားမယ်လို့ BCMFက ညွန်ကြားရေးမှူး မစ္စကန်ချနာ သော်လ်တန်က ပြောပါတယ်။

“BCMFနဲ့ မယ်တော်ဆေးခန်းကို ဘီးတပ်ကုလားထိုင်တွေ ပေးဖို့ “ကလေးများအတွက် ဘီးတပ်ကုလားထိုင်” အဖွဲ့က ရွေးတဲ့အတွက် အရမ်းကို ၀မ်းသာပါတယ်၊ တကယ့်ကို တန်ဖိုးထားပါတယ်၊ ဒါတွေကို နယ်စပ်က ကလေးတွေကို ပေးသွားမှာပါ၊ ဒီအတွက် ကလေးတွေ ပိုမိုလှုပ်ရှားသွားလာနိုင်မှာ ဖြစ်ပါတယ်၊ အိမ်မှာ ပိတ်မိနေတဲ့ ကလေးတွေအနေနဲ့လည်း အပြင်ကို သွားနိုင်မှာ ဖြစ်ပြီး ကျောင်းတက်နိုင်မှာ ဖြစ်ပါတယ်” လို့ ကန်ချနာ သော်လ်တန်က ပြောပါတယ်။

ဘီးတပ်ကုလားထိုင် လိုအပ်နေတဲ့ မသန်စွမ်းတွေအနေနဲ့ မယ်တော်ဆေးခန်းက ဆက်သွယ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဒါအပြင် နောက်နှစ်မှာ ဘီးတပ်ကုလားထိုင်တွေ ထပ်ရောက်ဖို့ ရှိနေသလို မဲဆောက် မြန်မာနိုင်ငံတွင်းက လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဘီးတပ်ကုလားထိုင်ကို သင့်တော်အောင် တပ်ဆင်နိုင်တဲ့ သင်တန်းနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို လုပ်ဆောင်နေပါတယ်။

ဧပြီ-မေလမှာ ဘီးတပ်ကုလားထိုင်တွေ ပိုမို ရရှိလာမှာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်းက လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ မိတ်ဖက် ပူးပေါင်းကာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဆောင်ပြီး ဘီးတပ် ကုလားထိုင်တွေကို ပေးပို့ချင်တယ်လို့ မစ္စကန်ချနာက ပြောပါတယ်။

၂၀၀၆ ခုနှစ်က တည်ထောင်ခဲ့တဲ့ BCMF အဖွဲ့ဟာ ဒေသခံ ဆေးရုံဆေးခန်းတွေမှာ မလုပ်နိုင်တဲ့ ထိုင်း-မြန်မာ နယ်စပ်က ခွဲစိတ်ကုသဖို့လိုအပ်တဲ့ လူနာတွေ များပြားနေတာကို တုံ့ပြန်ဖို့ အတွက် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့တိုင်း ထိုင်း အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ပြုစုစောင့်ရှောက်သူတွေ အပါအ၀င် လူနာတွေကို မယ်တော်ဆေးခန်းကနေ ချင်းမိုင်က ဆေးရုံကို သယ်ဆောင် ကုသပေးနေပါတယ်။ လူနာတွေရဲ့ ကုသစရိတ်ကို ဒီအဖွဲ့က တာဝန်ယူသလို လူနာနဲ့ ပြုစုစောင့်ရှောက်သူတွေ တည်းခိုဖို့အတွက်လည်း အဆောင်စီစဉ်ထားပေးပါတယ်။

ဘီးတပ်ကုလားထိုင်တွေကို လှူဒါန်းတဲ့ “ကလေးများအတွက် ဘီးတပ်ကုလားထိုင်” အဖွဲ့ကတော့ ၁၉၉၈ ခုနှစ်ကတည်းက ဖွံ့ဖြိုးတိုးတက်စနိုင်ငံတွေကို ဘီးတပ်ကုလားထိုင် ၃ သောင်းကျော်ထောက်ပံ့ပေးထားပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013