DVB Logo
Home
နိုင်ငံတကာ
အီရန်အပေါ်  ပိတ်ဆို့အရေးယူမှုများ ပြန်အသက်ဝင်လာပြီဟု ကုလနှင့် အီးယူ အတည်ပြု
DVB
·
September 30, 2025
အီရန်အပေါ်  ပိတ်ဆို့အရေးယူမှုများ ပြန်အသက်ဝင်လာပြီဟု ကုလနှင့် အီးယူ အတည်ပြု
Donate to DVB

အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ပြန်အသက်ဝင်လာပြီလို့ ကုလသမဂ္ဂက စက်တင်ဘာ ၂၁ ရက်မှာ အတည်ပြုလိုက်ပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၂၃၁ (၂၀၁၅ ခုနှစ်) ကို ၂၀၁၅ ခုနှစ် ဇူလိုင် ၂၀ ရက် မတိုင်မီ ကျင့်သုံးခဲ့တဲ့ပုံစံအတိုင်း ဆုံးဖြတ်ချက်အမှတ် ၁၆၉၆ (၂၀၀၆)၊ ၁၇၃၇ (၂၀၀၆)၊ ၁၇၄၇  (၂၀၀၇) ၁၈၀၃ နဲ့ ၁၈၃၅ (၂၀၀၈) နဲ့ ၁၉၂၉ (၂၀၁၀) တို့ကို ပြန်ကျင့်သုံးခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက သတင်းထောက်တွေကို စက်တင်ဘာ ၂၇  ရက်မှာ ပြောပါတယ်။

ဆုံးဖြတ်ချက်အမှတ် ၁၇၃၇ အရ လုံခြုံရေးကောင်စီက ထိန်းသိမ်းထားတဲ့ ပိတ်ဆို့အရေးယူမှု စာရင်းမှာ လူပုဂ္ဂိုလ် ၄၃ ယောက်နဲ့ ဆုံးဖြတ်ချက် ၂၂၃၁ ကို မချမှတ်မီ စာရင်းပြုစုထားတဲ့ အဖွဲ့အစည်း ၇၈ ခု ပါတယ်လို့ မှတ်ချက်မှာ ဖော်ပြထားပါတယ်။

ဒီမှတ်စုထဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပေါင်းစည်းထားတဲ့ ပိတ်ဆို့အရေးယူမှုစာရင်းမှာ ပြန်ထည့်သွင်းထားတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကိုလည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်တယ်လို့ ယူဆရင်၊ ၂၀၁၅ နျူသဘောတူညီချက်ကို ချိုးဖောက်တယ်လို့ ယူဆရင် ရက်ပေါင်း ၃၀ အတွင်း ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်နိုင်စေမယ့် လျှပ်တပြက် နောက်ကြောင်းပြန်လှည့်မှု ယန္တရားကို ကျင့်သုံးဖို့ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီတို့က တရားဝင်တောင်းဆိုခဲ့ပါတယ်။

အီရန်အပေါ် တင်းကျပ်တဲ့ အရေးယူမှုတွေ ဆက်တိုက် ပြန်အသက်ဝင်လာပြီလို့ ဥရောပကောင်စီက စက်တင်ဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ အီရန်နျူကလီးယားသဘောတူညီချက် (Joint Plan of Action - JCPOA) အသက်ဝင်မှုနဲ့အတူ ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။

အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပယ်ဖျက်တာကို သက်တမ်းမတိုးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း ကုလသမဂ္ဂက အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ပြန်စခဲ့ပြီးတဲ့နောက် ဥရောပသမဂ္ဂကပါ အခုလို ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂက ပြန်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေထဲမှာ ခရီးသွားခွင့်ပိတ်ပင်မှု၊ ပိုင်ဆိုင်မှုထိန်းချုပ်တာ၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ ပါပါတယ်။

ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနဲ့ သယ်ယူပို့ဆောင်ရေး စတဲ့ကဏ္ဍအများကြီးကိုလည်း လွှမ်းခြုံထားပါတယ်။

အထူးသဖြင့် အီရန်ဆီ လက်နက်နဲ့ နျူကလီးယား ဆက်စပ်ပစ္စည်းတွေ တင်ပို့မှု တားမြစ်ချက်လည်း ပါပါတယ်။

ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံဓာတုပစ္စည်းတွေ တင်သွင်းခြင်းနဲ့ သယ်ယူပို့ဆောင်ခြင်းအပေါ် ကန့်သတ်ချက်တွေ၊ အီရန်ဗဟိုဘဏ်နဲ့ အဓိက ကူးသန်းရောင်းဝယ်ရေးဘဏ်တွေရဲ့ ပိုင်ဆိုင်မှု ထိန်းချုပ်ခြင်း၊ အီရန်ကုန်တင်လေယာဉ်တွေ ဥရောပလေဆိပ်တွေဆီ ဝင်ရောက်ခွင့်ကို တားမြစ်ထားခြင်းတွေလည်း ပါပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013