DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် PDF စခန်းခွဲ လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး
DVB
·
September 30, 2025
ပခုက္ကူတွင် PDF စခန်းခွဲ လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၃ ဦး ကျဆုံး
1 / 11
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ PDF စခန်းခွဲတခုကို စက်တင်ဘာ ၂၈ ရက် ည ၇ နာရီဝန်းကျင်မှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ပခုက္ကူခရိုင်ထဲက ကမ္မမြို့နယ်ထဲမှာရှိတဲ့ စခန်းတခုကို ပခုက္ကူတပ်မ ၁၀၁ ထဲက တက်လာတဲ့ ပါရာမော်တာ ၂ စီးနဲ့ တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲခံလိုက်ရလို့ ရဲဘော် ၃ ယောက် ကျဆုံးသွားသလို စခန်းအဆောက်အအုံ တချို့လည်း ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရတဲ့ တော်လှန်ရေးတပ်စခန်းဟာ အညာမြေတပ်ပေါင်းစုရဲ့ စခန်းခွဲတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ကိုဘိုဘိုသန့်ဇင်က “နယ်မြေစခန်းခွဲတခုကို ပါရာမော်တာ ၂ စီးနဲ့ ဗုံး ၂ လုံး ကြဲချခံလိုက်ရပါတယ်။ ကျနော်တို့ အညာမြေတပ်ပေါင်းစုရဲ့ တာဝန်စခန်းမှူးဖြစ်သလို တပ်စိတ်မှူးလည်းဖြစ်တဲ့ အသက် ၂၀ အရွယ် ရဲဘော် သေမင်း၊ God of Myaing တပ်ဖွဲ့က အသက် ၁၈ နှစ်အရွယ် ရဲဘော် ဗလနဲ့ PL ‌PDF တပ်ဖွဲ့က အသက် ၃၄ နှစ်အရွယ် ရဲဘောနိုင်ကြီးတို့ ကျဆုံးသွားခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ မီးသင်္ဂြိုဟ်ပေးလိုက်ကြပြီး ပြည်သူတွေအနေနဲ့လည်း ကျဆုံးရဲဘော်တွေရဲ့ မျက်နှာကို ထောက်ထားပြီး တော်လှန်ရေးမှာ ရိုးသားယုံကြည်ခိုင်မာစွာနဲ့ လမ်းစဥ်မှန်ကန်စွာ ဆက်လက်ပါဝင်ပေးကြဖို့ တိုက်တွန်းလိုတယ်လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီဝန်းကျင်မှာလည်း ပခုက္ကူခရိုင်၊ ပခုက္ကူနယ်ထဲက မြစ်ခြေနယ်ထဲကို ပခုက္ကူတပ်မ ၁၀၁ ထဲက တက်လာတဲ့ ပါရာမော်တာ ၂ စီးက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်သွားပြီး မြေပြင်ပျက်စီးတဲ့ အခြေအနေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပခုက္ကူခရိုင်ထဲက ကမ္မမြို့နယ်နဲ့ မြစ်ခြေနယ်မှာရှိကြတဲ့ ပြည်သူတွေအနေနဲ့ ​စစ်တပ်ရဲ့ လေကြောင်းရန်အန္တရာယ်ကို အထူးသတိပြု သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့ ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013