DVB Logo
Home
နိုင်ငံတကာ
အော်ရီဂွန်ပြည်နယ် ပေါ့လန်မြို့တွင် စစ်တပ်ချထားရန် ထရမ့်ပ် အမိန့်ပေး
DVB
·
September 28, 2025
အော်ရီဂွန်ပြည်နယ် ပေါ့လန်မြို့တွင် စစ်တပ်ချထားရန် ထရမ့်ပ် အမိန့်ပေး
Donate to DVB

ပေါ့လန်နဲ့ ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေးအဆောက်အအုံတို့ကို ကာကွယ်ဖို့ စစ်တပ်စေလွှတ်ရမယ့် အကြောင်း ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်ကို တိုက်ရိုက် ညွှန်ကြားခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။ 

“ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီနိုးရဲ့ တောင်းဆိုချက်အရ ပေါ့လန်မှာ ကာကွယ်မှုတွေပြုလုပ်ဖို့ စစ်တပ်တွေလိုတယ်ဆိုတာ စစ်ပွဲရေးရာဝန်ကြီး ပိဟက်ဆက်ကို ကျနော် တိုက်ရိုက် ညွှန်ကြားထားပါတယ်။ ကျနော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေးအဆောက်အအုံတွေဟာ အန်တီဖာတွေနဲ့ တခြားပြည်တွင်း အကြမ်းဖက်တွေရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ်” လို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။ 

ပေါ့လန်မြို့တော်ဝန်ကိတ်ဝီလ်ဆန်က ဆိုရှယ်မီဒီယာမှာ ထရမ့်ပ်အမိန့်ပေးခဲ့တယ်ဆိုတဲ့ အကြောင်း တွေ့ရှိပြီးနောက် ပေါ့လန်မှာ စစ်တပ် မလိုအပ်ကြောင်း တုံ့ပြန်ထားပါတယ်။ 

“ပေါ့လန်နဲ့ တခြား အမေရိကန်မြို့တွေမှာ စစ်သားလိုအပ်ချက်မရှိပါဘူး။ တရားမဝင်တဲ့ ဒါမဟုတ် အကြမ်းဖက်ကိစ္စတွေကို သမ္မတကိုယ်တိုင်ဖန်တီးဖို့ အစီအစဉ်မရှိဘဲ ဒီနေရာတွေမှာ အကြမ်းဖက်မှုတွေ ရှိမှာမဟုတ်ပါဘူး” လို့ ကိတ်ဝီလ်ဆန်က ပြောပါတယ်။ 

ပေါ့လန်မှာ ၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း ရာဇဝတ်မှု ကျဆင်းခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကလို လူသတ်မှု ၅၁ ရာခိုင်နှုန်းပဲ ရှိတယ်လို့ အချက်အလက်တွေက ဖော်ပြပါတယ်။ 

လူသတ်မှုနဲ့ပတ်သက်ပြီး တခြားမြို့တွေနဲ့ ယှဉ်ရင် တန်နက်ဆီက မန်ဖက်စ်မှာ ၁၂၄ နဲ့ ကန်တက်ကီမှာရှိတဲ့ လောဗဘ်မှာ ၅၆ နဲ့ ပေါ့လန်မှာ ၁၇ မှုတို့ကို နှိုင်းယှဉ်ပြထားပါတယ်။ အိုရီဂွန်မြို့တော်ဝန် တီနာကိုတက်ကလည်း စစ်တပ်လိုအပ်တယ်ဆိုတဲ့ အချက်ကို ပယ်ချထားပြီး ထရမ့်ပ်၊ လုံခြုံရေးဝန်ကြီးတို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ 

အိုရီဂွန်က ဒီမိုကရက်အလွတ်တော်အမတ် ရွန်ဝိုင်ဒန်ကလည်း ဒီလို စစ်တပ်စေလွှတ်တာဟာ ၂၀၂၀ ကလို ပြန်ဖြစ်ဖို့ လုပ်တာဖြစ်ပြီး အကြမ်းဖက်မှုတွေ ပဋိပက္ခတွေ ပိုဖြစ်စေမဲ့ ရည်ရွယ်ချက်လို့ ဆိုပါတယ်။ 

၂၀၂၀ တုန်းက ပေါ့လန်မှာ ဂျော့ဖလွိုင်ကို ရဲတွေဖမ်းစဉ် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ကာ  ထရမ့်ပ်က ဖက်ဒရယ်တပ်ဖွဲ့တွေ စေလွှတ်ခဲ့ဖူးပါတယ်။ ဒီလို စစ်တပ်စေလွှတ်မှုက ဆန္ဒပြပွဲတွေကို နှိမ်နင်းနိုင်တာမဟုတ်ဘဲ ပိုပြီး အရှိန်တက်စေတယ်လို့ တချို့ မြို့ပြခေါင်းဆောင် တွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013