DVB Logo
Home
အားကစား
ဝက်စ်ဟမ်းအသင်း နူနိုအက်စပီရီတိုဆန်တိုကို နည်းပြအဖြစ် ခန့်အပ်
DVB
·
September 28, 2025
ဝက်စ်ဟမ်းအသင်း နူနိုအက်စပီရီတိုဆန်တိုကို နည်းပြအဖြစ် ခန့်အပ်
Donate to DVB

ဝက်စ်ဟမ်းအသင်းဟာ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ကြောင်း ကြေညာပြီး နာရီပိုင်းအကြာမှာပဲ နည်းပြသစ်အဖြစ် နူနိုအက်စပီရီတို ဆန်တိုကို ၃ နှစ်စာချုပ်နဲ့ စက်တင်ဘာ ၂၇ ရက်က ခန့်အပ်ခဲ့ပါတယ်။ 

ပေါ်တာရဲ့ နောက်ဆုံးပွဲဟာ ပြီးခဲ့တဲ့စနေနေ့က ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး သောကြာနေ့မှာ ထုတ်ပယ်ခံရတာပါ။ 

ဆန်းတိုဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာက ဖောရက်စ်အသင်းကို ရောက်ရှိလာခဲ့ပြီး အသင်းကို အဆင့် ၇ အထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဝင်ရောက်ကစားခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။

သူဟာ နော်တင်ဟမ် ဖောရက်စ်အသင်းကနေ ဒီလအတွင်းမှာ ထုတ်ပယ်ခံထားရပြီးနောက် ဝက်ဟမ်းအသင်းကို ပြောင်းရွှေ့လာခဲ့တာပါ။

တနင်္လာနေ့မှာ ဝက်စ်ဟမ်းအသင်းဟာ အဝေးကွင်းမှာ အဲဗာတန်အသင်းနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး ဆန်တိုရဲ့ ဝက်ဟမ်းအသင်းနဲ့ ပထမဆုံးပွဲအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013