DVB Logo
Home
အားကစား
ဘာစီလိုနာဂန္ထဝင် ဘူစကက်စ် ဘောလုံးလောကမှ အနားယူမည်
DVB
·
September 27, 2025
ဘာစီလိုနာဂန္ထဝင် ဘူစကက်စ် ဘောလုံးလောကမှ အနားယူမည်
Donate to DVB

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ ကစားနေတဲ့ ဆာဂျီယို ဘူစကက်စ်ဟာ လက်ရှိ မေဂျာလိဂ်ရာသီကုန်မှာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ စက်တင်ဘာ ၂၆ ရက်က ကြေညာလိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ကွင်းလယ် ခံစစ်ကစားသမားဟာ စပိန်ကလပ် ဘာစီလိုနာအသင်းမှာ ၁၄ နှစ်ကြာကစားခဲ့ပြီး လာလီဂါ ချန်ပီယံဆု ၉ ခု၊ ဥရောပ ချန်ပီယံလိဂ် ဖလား ၃ လုံးအပါအဝင် ဆုဖလားပေါင်း ၃၂ လုံးရရှိခဲ့သူဖြစ်ပါတယ်။

သူဟာ အသင်းဖော် အင်နီယေစတာ၊ ဇာဗီတို့နဲ့အတူ ကွင်းလယ်မှာ အချိတ်အဆက်မိမိကစားခဲ့ပြီး ကလပ်အသင်းအတွက်သာမက စပိန်လက်ရွေးစဉ်အသင်းအတွက်လည်း ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၁၂ ဖလားတွေ ရအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။

သူ့အနေနဲ့ ဘောလုံးလောကကို စွန့်ခွာဖို့ အချိန်ရောက်လာပြီလို့ ခံစားရကြောင်းနဲ့ သူအမြဲစိတ်ကူးယဉ်ခဲ့တဲ့ မယုံနိုင်အောင် လှပတဲ့ အတွေ့အကြုံတွေနဲ့ ဘောလုံးသမားဘဝကို နှစ် ၂၀  နီးပါးဖြတ်သန်းခဲ့တယ်လို့ ဘူစကက်စ်က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ 


Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013