DVB Logo
Home
အားကစား
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အသုံးပြုမည့် လာဘ်ကောင်ရုပ်များကို ဖီဖာ ထုတ်ဖော်ပြသ
DVB
·
September 27, 2025
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အသုံးပြုမည့် လာဘ်ကောင်ရုပ်များကို ဖီဖာ ထုတ်ဖော်ပြသ
Donate to DVB

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မေပယ်၊ ဇာယူနဲ့ ကလပ်ချ် စတဲ့ လာဘ်ကောင်ရုပ် ၃ ရုပ်ကို အသုံးပြုမယ်လို့ ဖီဖာက စက်တင်ဘာ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။

မေပယ်က ကနေဒါ၊ ဇာယူက မက္ကဆီကိုနဲ့ ကလပ်ချ်က အမေရိကန် စတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမယ့် အိမ်ရှင်နိုင်ငံ ၃ နိုင်ငံကို ကိုယ်စားပြုပါတယ်။

ဖီဖာရဲ့ ဖော်ပြချက်အရ မေပယ်ဟာ ကနေဒါနိုင်ငံရဲ့ နယ်မြေတွေ လှည့်လည်သွားလာမှုကို ရည်ရွယ်ပြီး လူတွေနဲ့ဆက်သွယ်မှု နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို ဖော်ပြတဲ့အနေနဲ့ အသုံးပြုတာလို့ သိရပါတယ်။

ကနေဒါရဲ့ ဦးချိုပြားသမင်ကြီးကို အနုပညာချစ်မြတ်နိုးသူ၊ ဂီတဝါသနာအိုးနဲ့ ဂိုးသမားပုံစံ၊ ခံနိုင်ရည်ရှိတဲ့ပုံနဲ့ ပွင့်လင်းတဲ့ပုံစံမျိုး ရည်ရွယ်ချက်နဲ့ ဖန်တီးထားတာကို တွေ့မြင်ရမှာပါ။ ဇာယူကတော့ မက္ကဆီကိုတောင်ပိုင်း တောထဲမှာရှိတဲ့ ကျားသစ်ရဲ့ပုံစံကို ယူထားတာဖြစ်ပါတယ်။

သူ့ရဲ့ပုံစံကို ရှေးအမွေအနှစ်ဆက်ခံသူ၊ တက်ကြွတဲ့စိတ်ရှိတဲ့ ပုံစံမျိုး ဖန်တီးထားပါတယ်။ သူ့ရဲ့နာမည်ကလည်း စုစည်းမှု၊ အားကောင်းမှုနဲ့ ပျော်ရွှင်တတ်တဲ့ပုံစံဖြစ်ပြီး ဇာယူကို တိုက်စစ်မှူးတယောက်အဖြစ် ဖန်တီးထားပါတယ်။

ဇာယူဟာ မက္ကဆီကိုယဉ်ကျေးမှုတွေဖြစ်တဲ့ ကတာ၊ အစားအသောက်နဲ့ ရိုးရာဓလေ့ စတဲ့ အငွေ့အသက်တွေ ပါဝင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။

ကလပ်ချ်ကတော့ စွန့်စားမှုတွေကို အမြဲဆာလောင်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ပျံဝဲရင်း၊ ယဉ်ကျေးမှုတွေ၊ ပြိုင်ပွဲတွေ၊ အဆုံးမရှိတဲ့ စူးစမ်းချင်စိတ်နဲ့ အကောင်းမြင်စိတ်တို့ပဲ ဖြစ်ပါတယ်။

ကွင်းထဲမှာ ကြောက်ရွံ့မှုကင်းတဲ့ ပုံစံနဲ့ ကလပ်ချ်ကို မြင်တွေ့ရမှာဖြစ်ပြီး အသင်းဖော်တွေကို စိတ်ဓာတ်တက်ကြွစေပြီး အမြင့်ဆုံးအထိ ရောက်ရှိအောင် စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုး ဖန်တီးထားတယ်လို့ ဆိုပါတယ်။

ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ လာဘ်ကောင်ရုပ် အသုံးပြုမှုကို ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ၁၉၉၁ ခုနှစ်က စတင်အသုံးပြုခဲ့တာ တွေ့ရပါတယ်။

လာဘ်ကောင်ရဲ့ ဒီဇိုင်းကိုလည်း အိမ်ရှင်နိုင်ငံရဲ့ သင်္ကေတဖြစ်တဲ့ ‌အပင်၊ တိရစ္ဆာန်၊ ရိုးရာအဝတ်အစားတွေကို အသုံးပြုပြီး ဖန်တီးလေ့ရှိပါတယ်။

Source: Reuters

Photo: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013