DVB Logo
Home
နိုင်ငံတကာ
အနောက်ဘက်ကမ်းအား အစ္စရေးသိမ်းမည်ကို ခွင့်မပြုဟု ထရမ့်ပ်ပြော
DVB
·
September 26, 2025
အနောက်ဘက်ကမ်းအား အစ္စရေးသိမ်းမည်ကို ခွင့်မပြုဟု ထရမ့်ပ်ပြော
Donate to DVB

အနောက်ဘက်ကမ်းဒေသကို အစ္စရေးပိုင်နက်အဖြစ် သွတ်သွင်းသိမ်းပိုက်မှာကို ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းမပြောခင် ထရမ့်ပ်က “အစ္စရေးက အနောက်ဘက်ကမ်းကို သိမ်းတာ ကျုပ်ခွင့်ပြုမှာ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်မှာ မဟုတ်ပါဘူး” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နေတန်ယာဟုနဲ့ လာမယ့် တနင်္လာနေ့မှာ တွေ့ဖို့ စီစဉ်ထားတဲ့ ထရမ့်ပ်က ဂါဇာငြိမ်းချမ်းရေး သဘောတူညီချက် ရဖို့လည်း တော်တော်ကြီးနီးစပ်နေပြီလို့ ဆိုပါတယ်။

အနောက်နိုင်ငံအများအပြားက ပါလက်စတိုင်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုလာချိန်မှာ အစ္စရေးဟာ စစ်ပွဲအဆုံးသတ်ဖို့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။

ဒါပေမဲ့ နေတန်ယာဟု အစိုးရထဲက လက်ယာစွန်း ဝန်ကြီးတွေကတော့ အနောက်ဘက်ကမ်းကို အစ္စရေးပိုင်နက်အဖြစ် သွတ်သွင်းဖို့ ဖိအားပေးနေပါတယ်။

ဒီလိုလုပ်ရပ်ကို ဗြိတိန်၊ ဂျာမနီတို့က သတိပေးထားသလို ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း “ကျင့်ဝတ်၊ ဥပဒေနဲ့ နိုင်ငံရေးအရ လုံးဝလက်ခံနိုင်စရာမရှိ” လို့ ပြောဆိုထားပါတယ်။

တဖက်မှာလည်း အမေရိကန်က ဗီဇာမပေးတဲ့အတွက် ကုလညီလာခံကို လူကိုယ်တိုင် မတက်ရောက်နိုင်ခဲ့တဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ခေါင်းဆောင် မာမွတ်အဘားစ်က ဗီဒီယိုလင့်ခ်ကနေ မိန့်ခွန်းပြောခဲ့ပါတယ်။

သူ့မိန့်ခွန်းထဲမှာ “ဟားမတ်စ်အဖွဲ့ကို အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ပြုမှာမဟုတ်ဘဲ” အစ္စရေးတပ်တွေ ဆုတ်ခွာပြီးရင် ဂါဇာကမ်းမြောင်ကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) က အပြည့်အဝ တာဝန်ယူသွားမယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
အနောက်ဘက်ကမ်းအား အစ္စရေးသိမ်းမည်ကို ခွင့်မပြုဟု ထရမ့်ပ်ပြော