DVB Logo
Home
မြန်မာသတင်း
ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက် တရားပြသူ ၁ ဦး  ဖမ်းဆီးခံရ
DVB
·
September 26, 2025
ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက် တရားပြသူ ၁ ဦး  ဖမ်းဆီးခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ယထာဘူတပဋိပတ္တိသာသနာ့ရိပ်သာမှာ ထီးဖြူဆောင်းကာ ပလ္လင်ပေါ်တက် တရားပြခဲ့တဲ့ အမျိုးသားတယောက်ကို  စက်တင်ဘာ ၂၅ရက် ညနေ ၄ နာရီက မြို့နယ်သံဃနာယကအဖွဲ့နဲ့ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ထားဝယ်မြို့ ဝဲကျွန်းထိန်းလယ်ရပ် လေယာဥ်ကွင်းလမ်းမှာရှိတဲ့ ယထာဘူတပဋိပတ္တိသာသနာ့ ရိပ်သာမှာ မနေ့ညနေ ၄ နာရီက ထီးဖြူဆောင်းကာ ပလ္လင်ပေါ်မှာတရားပြခဲ့တဲ့ ဦးရည်ချင်းကို ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

"နာမည်က ဦးရည်ချင်း တရားပြလည်းကောင်းတယ်။ သူ့တပည့်တွေက ယောကျ်ားဆိုဝတ်ဖြူ၊ မိန်းမဆို ယောဂီဝတ်စုံပဲဝတ်ကြတယ်။ ကြာပြီ၊ ယထာဘူတသာသနာ့ရိပ်သာမှာ တရားပြနေတာ။ ထီးဖြူဆောင်းပြီး တရားပြတဲ့ပုံတွေ လိုင်းပေါ်ပျံ့သွားလို့ အဖမ်းခံရတာ။ သူ့ကိုကိုးကွယ်တဲ့အထဲမှာ အရာရှိမိန်းမတွေတောင်ပါတယ်။”

စက်တင်ဘာ ၁၆ ရက်က အဓိဋ္ဌာန်အောင်မြင်ရေး ဖေ့စ်ဘွတ်ခ်ကနေ "ယထာဘူတပဋိပတ္တိသာသနာ့ရိပ်သာမှာ ဦးရည်ချင်းကို တပည့်တွေက ထီးဖြူဆောင်းကာ ကြိုဆိုခဲ့ကြပြီး ဦရည်ချင်းက ပလ္လင်ပေါ်တက်ကာ တရားပြခဲ့တဲ့ ဓာတ်ပုံတွေကို ဖြန့်ဝေခဲ့ပြီးနောက် ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သာသနာရေးနဲ့ နီးစပ်သူတယောက်က  "မြို့နယ်က မသိတာမဟုတ်ဘူး သိတယ်။ ကောင်းတာလုပ်တာဆိုတော့ မပြောဘဲထားတာ။ ယထာဘူတသာသာနာ့ရိပ်သာမှာ တရားပြတယ်။ ဘုန်းကြီးတွေ ဆွမ်းကပ်တယ်။ ဘုံကထိန်လုပ်တယ်၊ ဆွမ်းကပ်ရင် ငွေဆွမ်းကပ်တာ သူကိုယ်တိုင်လည်း သူ့ရဲ့  Facebook Account ကနေ အမြဲတင်နေတာ "လို့ ရှင်းပြပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃ ရက်က ယထာဘူတပဋိပတ္တိသာသနာ့ရိပ်သာမှာ ပထမကြိမ် စုပေါင်းမဟာဘုံကထိန်ကို ဦးရည်ချင်းနဲ့ တပည့်တွေက လုပ်ဆောင်ခဲ့ပါတယ်။

လတ်တလောမှာ ဦးရည်ချင်းကို ထားဝယ်မြို့မရဲစခန်းက ဘာသာသာသနာကို စော်ကားမှုနဲ့ ဆိုင်တဲ့ ပုဒ်မ ၂၉၅ (က)နဲ့ မှုဖွင့်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

စက်တင်ဘာလ ၂၀ ရက်ကလည်း မုဒုံမြို့နယ်၊ နှီးပဒေါရွာသစ်မှာ ထီးဖြူဆောင်းကာ ပုလ္လင်ပေါ်တက်ပြီးတရားပြခဲ့တဲ့ ပိဋကတ်သုံးပုံ မယ်တော်ကြီးစန္ဒာဒေဝီကို ရဲတွေနဲ့ မြို့နယ်သံဃနာယကအဖွဲ့တွေက ဖမ်းပြီး ပုဒ်မ ၂၉၅ (က) နဲ့အမှု ဖွင့်ထားပါတယ်။

အလားတူ စက်တင်ဘာ ၁၄ ရက်ကလည်း ဓမ္မတေးလို့ လူသိများတဲ့ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ' သီချင်းကို DJ နဲ့ Remix လုပ်တီးခတ်ခဲ့တဲ DJ - Violet နဲ့ ခွင့်ပြုပေးခဲ့တဲ့ဆိုင်ပိုင်ရှင်အပါအဝင် ၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013